G L O B A L N E T

Loading

Application တွေရဲ့အားသာချက်က ကိုယ်အသုံးပြုတဲ့ Product သို့မဟုတ် Service ကို သီးသန့်သုံးလို့ရတာ၊ Value-added Service တွေရနိုင်တာ၊ ဆွဲဆောင်မှုရှိတဲ့ Content Structure ရှိတာ၊ Information စုံပြီးရှာရလွယ်ကူတာ စတာတွေပါပဲ။ သင်ဟာ 5BB အင်တာနက်အသုံးပြုသူတစ်ယောက်ဆိုရင် 5BB App ကို သင့်ဖုန်းထဲမှာ ထည့်ထားသင့်ပါတယ်။

5BB Application ကို ဖွင့်ဖို့က လွယ်ပါတယ်။ 5BB မှ Promotion များ၊ အသိပေးချက်ကြော်ငြာများကို အလျဉ်းသင့်သလိုဖော်ပြပေးသွားမှာဖြစ်ပေမဲ့ မလိုအပ်ရင် Skip နှိပ်၍ ကျော်နိုင်ပါတယ်။ အကောင့်နံပါတ်မှာ မိမိရဲ့ Customer ID နဲ့ လျို့ဝှက်ကုတ်မှာ မိမိ၏ Password ကို ဖြည့်သွင်းပြီး အကောင့်ဝင်ရန်ကို နှိပ်ပါ။ အကယ်၍ Password ကိုမသိရှိပါက Service Hotline 01-2305425 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

5BB App ရဲ့ Main Page မှာ Customer Name, Customer ID , Invoice Number မိမိလက်ရှိအသုံးပြုနေတဲ့ Plan အမျိုးအစား အစရှိသည်တို့ကို ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။ ပေးချေမည်ကိုနှိပ်ပြီး Mobile Banking နဲ့ ငွေပေးချေမှု ရှင်းပြချက်များကို တွေ့မြင်ရမှာဖြစ်ပါတယ်။ မိမိလက်ရှိသုံးတဲ့ အမျိုးအစား Tab မှာ လက်ရှိအသုံးပြုနေတဲ့ Service Plan ကိုဖော်ပြထားမည်ဖြစ်ပြီး ပြောင်းရန်ကိုနှိပ်၍ Plan Upgrade (သို့မဟုတ်) Downgrade ပြုလုပ်ရန်လျှောက်ထားနိုင်ပါတယ်။ မိမိပြောင်းလဲလိုတဲ့ Planကို‌ရွေးချယ်ပြီး ပြောင်းလဲမယ့်ရက်ကို ဖြည့်စွက်ကာလျှောက်ထားမည်ကိုနှိပ်၍ Plan Change Form ကို လျှောက်ထားနိုင်ပါတယ်။ နေရာပြောင်းရန်ကိုနှိပ်ပြီး တပ်ဆင်ထားသောနေရာမှ အခြားနေရာသို့ ပြောင်းလဲတပ်ဆင်အသုံးပြုရန် လျှောက်ထားနိုင်ပါတယ်။ ပြောင်းလဲတပ်ဆင်လိုတဲ့တည်နေရာကို အပြည့်အစုံဖြည့်စွက်ပြီး လျှောက်ထားမည်ကိုနှိပ်၍ Relocation Form ကို လျှောက်ထားနိုင်ပါတယ်။

Tick Type မှာ မိမိပြုလုပ်လိုတဲ့ Ticket Type ကိုရွေးချယ်ပါ။ Problem Category မှာ Category တစ်ခုခုကိုရွေးချယ်၍ Ticket Summary မှာ မိမိဖြစ်ပေါ်နေတဲ့ ပြဿနာကို‌ရေးပါ။ ပြီးရင် လျှေက်ထားမည်ကိုနှိပ်၍ ဝန်ဆောင်မှုဌာနရဲ့ အကူအညီကိုရယူပါ။ 5BB သို့ ဆက်သွယ်နိုင်ရန်အတွက် အကူအညီမှာ 5BB ရဲ့ ရုံးဖွင့်ချိန်၊ ဖုန်းနံပါတ် ၊ အီးမေးလ်နဲ့ လိပ်စာတို့ကို မြေပုံနဲ့တကွ ဖော်ပြထားပါသည်။ ကိုယ်‌ရေးအချက်အလက်တွေကို ကြည့်ရန်နဲ့ Login Password ပြောင်းရန် မိမိနာမည်နဲ့ Customer ID ကိုနှိပ်ပါ။ ကိုယ်‌ရေးအချက်အလက်မှာ ပေးချေခဲ့တဲ့ မှတ်တမ်းတွေ၊ လျှို့ဝှက်ကုဒ်ပြောင်းရန်၊ အကောင့်အချက်အလက်များနဲ့ အကောင့်မှထွက်ရန်တို့ကိုတွေ့ရမှာဖြစ်ပါတယ်။

ပေးချေခဲ့တဲ့မှတ်တမ်းများကိုနှိပ်ပြီး မိမိပေးချေခဲ့တဲ့ မှတ်တမ်းတွေကို အသေးစိတ်ပြန်လည်ကြည့်ရှုနိုင်ပါတယ်။ 5BB Application သို့ဝင်‌ရောက်တဲ့ Log in Password ကိုပြောင်းလဲရန် လျို့ဝှက်ကုဒ် ပြောင်းလဲရန် ကိုနှိပ်ပါ။ လက်ရှိသုံးတဲ့ လျှို့ဝှက်ကုဒ်နဲ့ ပြောင်းလဲလိုတဲ့ လျှို့ဝှက်ကုဒ်တို့ကို ရိုက်ထည့်ပြီး လျှောက်ထားမည်ကိုနှိပ်၍ 5BB Application သို့ login ဝင်‌ရောက်မယ့် Password ကိုပြောင်းလဲနိုင်ပါတယ်။ အကောင့်အချက်အလက်များကိုနှိပ်၍ မိမိဝယ်ယူစဥ်ကဖြည့်သွင်းခဲ့တဲ့ Data တွေကို ပြန်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အကောင့်မှထွက်ရန်ကိုနှိပ်၍ အကောင့်မှထွက်ခွာနိုင်ပါတယ်။

(မြန်မာ့အမြန်ဆုံး 5BB Broadband သည် Global Technology Company ၏ FTTH Internet အမှတ်တံဆိပ်ဖြစ်ပါသည်။)

Related Post