G L O B A L N E T

Loading

5BB FTTH Fiber Internet ကို သုံးစွဲနေသော Customers များအတွက် လွယ်ကူမြန်ဆန်ယုံကြည် စိတ်ချရသော လစဥ်ကြေး‌ငွေပေးချေမှုများအတွက် ငွေပေးချေမှု Billing Cycle နှင့် Online Payment System နည်းလမ်းများစွာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။

5BB FTTH Fiber Internet ကို စတင်သုံးစွဲတပ်ဆင်မည့် Customers များအတွက် စက်တပ်ဆင်ပြီး ၅ရက်အထိ Free သုံးစွဲခွင့်ကို ဝန်ဆောင်မှုပေးထားမှာဖြစ်ပါတယ်။ သုံးစွဲပြီးမှပေးချေရမည့် Postpaid Payment System ဖြစ်သောကြောင့် လစဥ်ကြေး‌ငွေပေးချေရန် သတ်မှတ်ထားသည့် Payment Due Date လေးကတော့ လစဥ် ၊ လတိုင်း 17 ရက်ထက်နောက်မကျအောင် ပေးဆောင်ရမည် ဖြစ်ပြီး Bill Invoice ကို e-mail မှတစ်ဆင့် စစ်ဆေးနိုင်သလို 5BB Website မှ Customer Portal, 5BB application များသို့ ဝင်ရောက်၍ အလွယ်တကူ ဝင်ရောက်စစ်ဆေးနိုင်မှာပဲဖြစ်ပါတယ်။

Online Payment System များစွာ ဖြင့် အချိန်ကုန်သက်သာ လျှင်မြန်စွာဖြင့် ငွေပေးချေနိုင်ရန် အတွက် နည်းလမ်းများမှာတော့

KBZ Mobile Banking ဖြင့်ငွေပေးချေခြင်း
KBZ Mobile Banking Application ကိုဖွင့်၍ Quick Pay ကိုနှိပ်ပါ။ 5BB Broadband (Ygn)ကိုရွေးချယ်ပါ။ ထို့နောက် မိမိအကောင့်အား ရွေးချယ်ပါ။ Customer Name တွင် နာမည်ဖြည့်ပါ။ Customerအကောင့်နံပါတ်တွင် YGNFX နှင့်စသော Account No. ကို ဖြည့်ပါ။ INV 0000နှင့်စသော Invoice No ကိုဖြည့်သွင်းပါ။ ပေးချေရမည့်ငွေပမာဏကိုရေးသွင်းပါ။ ထို့နောက် Submit ကိုနှိပ်ပါ။ ဖြည့်သွင်းခဲ့သည်များ မှန်မမှန် ပြန်လည်စစ်ဆေးပြီး Confirm ကိုနှိပ်ပါ။ KBZ Mobile Banking မှလုပ်ငန်းပြီးဆုံးအောင် မြင်ကြောင်းကိုဖော်ပြလျှင် လစဥ်ကြေးပေးသွင်းခြင်း လုပ်ငန်းပြီးစီး အောင်မြင်ပြီဖြစ်ပါသည်။ ပေးသွင်းရမည့် ပုံစံလေးကိုပေးထားသော link လေးမှာ အသေးစိတ်ကြည့်နိုင်ပါသည်။
KBZ Mobile Banking >> http://bit.ly/KBZpayment

KBZ Pay ဖြင့်ငွေပေးချေခြင်း
KBZ Payကို log inဝင်ပါ။ Quick Pay ကိုနှိပ်ပါ။ အင်တာနက်ဝန်ဆောင်မှုကိုရွေးချယ်ပါ။ 5BB Broadband (Ygn) ကိုရွေးချယ်ပါ။ Customer Name နှင့် Customer Account Numberကိုဖြည့်စွက်ပါ။ 5BBမှပေးပို့ထားသော Invoice ID ကိုInvoice IDတွင် ထည့်သွင်းပြီးပေးချေမည့်ငွေပမာဏကိုဖြည့်သွင်းပြီးနောက် “ပေးပို့မည်” ကိုနှိပ်ပါ။ KBZ Pay မှလုပ်ငန်းပြီးဆုံးအောင်မြင်ကြောင်းကိုဖော်ပြလျှင် လစဥ်ကြေးပေးသွင်းခြင်း လုပ်ငန်းပြီးစီးအောင်မြင်ပြီဖြစ်ပါသည်။ပေးသွင်းရမည့် ပုံစံလေးကိုပေးထားသော link လေးမှာ အသေးစိတ် ကြည့်နိုင်ပါသည်။
KBZ Pay >> http://bit.ly/KBZpay

AYA Mobile Banking ဖြင့်ငွေပေးချေခြင်း
Bill Payment ကိုရွေးချယ်ပါ၊ From Accountတွင် မိမိ၏ Account ကိုရွေးချယ်ပါ။ Paying To တွင် 5BB Broadband ကိုရွေးချယ်ပါ။ Service တွင် Monthly Billကို ရွေးချယ်ပြီး Invoice Noနှင့် Customer Account No တို့ကို ဖြည့်စွက်ပါ။ ပေးချေရမည့် ငွေပမာဏ ကိုဖြည့်ပါ။ လုပ်ငန်းစဥ် မှန် ၊ မမှန်ကိုစစ်ဆေးပါ။ ပြီးနောက် အမှန်ခြစ်လေးကို နှိပ်ပါ။ SMS OTP တွင် Click to Request ကိုနှိပ်ပြီး SMS မှပေးပို့သော ဂဏန်း ၆လုံးကိုထည့်၍ Submit ကိုနှိပ်ပါ။ ထို့နောက် ငွေပေးချေခြင်း လုပ်ငန်းပြီးဆုံးအောင်မြင်ပြီ ဖြစ်ပါသည်။ ပေးသွင်းရမည့် ပုံစံလေးကိုပေးထားသော link လေးမှာ အသေးစိတ် ကြည့်နိုင်ပါသည်။
AYA Mobile banking>>http://bit.ly/AYApayment

CB Pay ဖြင့်ငွေပေးချေခြင်း
Log inဝင်ပါ။ Bill ပေးရန်ကိုနှိပ်ပါ။ Internet Bill Payment ကိုရွေးချယ်ပါ။ ဘေလ်အမည်တွင် 5BB Broadband Payment ကို‌ရွေးချယ်ပါ။ Invoice No. တွင် ပေးဆောင်ရမည့် Invoice Noကိုဖြည့်ပါ။ Service ID တွင် YGNFXဖြင့်စသော Customer ID ကိုဖြည့်ပါ၊ Customer Name ၊ Phone No.နှင့် ပေးချေရမည့် ငွေပမာဏတို့ကို ဖြည့်စွက်ပြီး ရှေ့ဆက်ရန်ကိုနှိပ်ပြီးလျှင် ငွေပေးချေခြင်းလုပ်ငန်းပြီးဆုံးအောင်မြင်ပြီဖြစ်ပါသည်။
ပေးသွင်းရမည့် ပုံစံလေးကိုပေးထားသောlink လေးမှာ အသေးစိတ် ကြည့်နိုင်ပါသည်။
CB Pay >>http://bit.ly/5BBCBpay

Wave Pay ဖြင့်ငွေပေးချေခြင်း
Wave Pay pplication သို့ဝင်ပါ။ နောက်ထပ် ကိုနိုပ်ပါ။ “5BB”ဟုရိုက်ထည့် ၍ ရှာပါ။အကောင့်နံပါတ်တွင် YGNFX နှင့်စသော Customer ID ကိုရိုက်ထည့်ပါ။ Customer Name ကိုဖြည့်စွက်ပါ။ငွေတောင်းခံလွှာနံပါတ်တွင် INV 0000နှင့်စသော Invoice Noကိုဖြည့်သွင်းပါ။ ပမာဏတွင် ပေးချေရမည့် ငွေပမာဏ ကိုဖြည့်ပါ။ ငွေပေးချေခြင်းလုပ်ငန်းပြီးဆုံးအောင်မြင်ပြီဖြစ်ပါသည်။ ပေးသွင်းရမည့် ပုံစံလေးကိုပေးထားသောlink လေးမှာ အသေးစိတ် ကြည့်နိုင်ပါသည်။
Wave Pay >>http://bit.ly/5BBCBpay

Sai Sai Pay ဖြင့်ငွေပေးချေခြင်း
Sai Sai Pay တွင် မိမိဖုန်းနံပါတ်ဖြင့် Sign in သို့မဟုတ် Sign up လုပ်ပါ။ ပင်မစာမျက်နှာမှ “Quick Payment” ကို ရွေးချယ်ပါ။ “5BB” ကိုရွေးပါ။ Invoice No. တွင် ပေးဆောင်ရမည့် Invoice Noကိုဖြည့်ပါ။ ရှာပါ။အကောင့်နံပါတ်တွင် YGNFX နှင့်စသော Customer ID ကိုရိုက်ထည့်ပါ။ ပမာဏတွင် ပေးချေရမည့် ငွေပမာဏ ကိုဖြည့်ပါ။အချက်အလက်များပြည့်စုံစွာဖြည့်စွက်ပြီးပါက “Next” ကိုနိုပ်ပါ။ ငွေပေးချေခြင်းလုပ်ငန်းပြီးဆုံးအောင်မြင်ပြီဖြစ်ပါသည်။ ပေးသွင်းရမည့် ပုံစံလေးကိုပေးထားသောlink လေးမှာ အသေးစိတ် ကြည့်နိုင်ပါသည်။
Sai Sai Pay >> http://bit.ly/SaiSaipay

Mandalay Smart Pay ဖြင့်ငွေပေးချေခြင်း (only for Mandalay)
Mandalay Smart Pay Application ၏ပင်မစာမျက်နှာပေါ်ရှိ “Intenet” သို့ဝင်ပါ။ 5BB ကိုရွေးချယ်ပါ။ Invoice No. တွင် ပေးဆောင်ရမည့် Invoice Noကိုဖြည့်ပါ။ ရှာပါ။အကောင့်နံပါတ်တွင် YGNFX နှင့်စသော Customer ID ကိုရိုက်ထည့်ပါ။ ပမာဏတွင် ပေးချေရမည့် ငွေပမာဏ ကိုဖြည့်ပါ။ ကိုဖြည့်ပါ။အချက်အလက်များပြည့်စုံစွာဖြည့်စွက်ပြီးပါက “Next” ကိုနိုပ်ပါ။ ငွေပေးချေခြင်းလုပ်ငန်းပြီးဆုံးအောင်မြင်ပြီဖြစ်ပါသည်။ ပေးသွင်းရမည့် ပုံစံလေးကိုပေးထားသောlink လေးမှာ အသေးစိတ် ကြည့်နိုင်ပါသည်။
MSP >> http://bit.ly/MSPpayment

ထို့အပြင် 5BB Application ကို အလွယ်တကူ အသုံးပြု၍ ငွေပေးချေမှု Section မှတစ်ဆင့် Mobile Banking နှင့် ငွေပေးချေမှု ရှင်းပြချက်များကို ဖတ်ရှု၍ ကြိုက်နှစ်သက်ရာ KBZ Mobile Banking , AYA Mobile Banking, CB Mobile Banking,Wave Pay နှင့် Sai Sai Pay တို့ကိုရွေးချယ်ပြီး လုံခြုံစိတ်စွာဖြင့် ပေးချေနိုင်မည် ဖြစ်ပါသည်။ အထူးသတိပြုရန်အချက်မှာ 5BB ဝန်ထမ်းများမှ လစဥ်ကြေးများကို လာရောက် ကောက်ခံခြင်း မရှိသောကြောင့် အထက် ဖော်ပြပါ ပေးချေမှုစနစ်များကို အသုံးပြု၍ အချိန်ကုန်သက်သာစွာ ငွေပေးချေခြင်းများကို ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း တင်ပြအပ်ပါသည်။

Related Post