5BB Broadband ကို သုံးစွဲနေသော Customer များ အနေဖြင့် WIFI-Name နှင့် Password ချိန်းချင်လျှင် လုပ်‌ဆောင်သင့်သည့်အချက်များ – GlobalNet
G L O B A L N E T

Loading

5BB Broadband ၏မိသားစုသုံး 5BB Fiber Internet Customer များနှင့် လုပ်ငန်းသုံး 5BB Business Internet Customer များအတွက် Device တစ်ခုချင်းစီတွင် ကိုယ်ပိုင် အကောင့် ID များရှိပါသည်။ မိသားစုသုံး Device များ၏ အကောင့် ID မှာ YGNFX xxxxxxx (ဂဏန်း ၇ လုံး) ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းသုံး Device များ၏ အကောင့် ID မှာYGNBS xxxxxxx (ဂဏန်း ၇ လုံး) ဖြစ်ပါသည်။ ၎င်း အကောင့် ID များ သေချာစွာမှတ်သားထားပြီး၊ လူကြီးမင်းတို့၏ internet service plan များနှင့် သက်ဆိုင်သော Device issue များ၊ customer service ပိုင်းဆိုင်ရာများ၊ Billing ပိုင်းနှင့် internet လိုင်းများနှင့် သက်ဆိုင်သော customer support များ အတွက် 24/7 call center များသို့ ဆက်သွယ်ရာတွင် လွယ်ကူစွာ ဖြေရှင်းပေးနိုင်ရန် အတွက် အခြေခံကျသော customer information များ ဖြစ်ပါသည်။

5BB Broadband ကိုသုံးစွဲသော လူကြီးမင်းတို့အနေဖြင့် WIFI Name နှင့် Password Change ချင်လျှင် လုပ်ဆောင်ရမည့်အချက်အလက်များ၊ နည်းလမ်းများကိုရှင်းပြမည်ဖြစ်ပါသည်။

Huawei အမျိုးအစားဖြစ်ပါက အရင်ဆုံး Internet Browser တစ်ခုကိုဖွင့်ပေးပါ။ Address Bar တွင် 192.168.100.1 ကိုရိုက်ထည့်ပေးပါ။ Log in page ပေါ်လာပါက User Name – telecomadmin, Password – admintelecom ဟုရိုက်ထည့်ပြီး Log in ဝင်ပေးပါ။ ONU Configuration Page ထဲရောက်သွားပါက WLANကိုနှိပ်ပြီး WLAN Basic Configuration ကိုထပ်နှိပ်ပါ။ SSID Name နေရာတွင်ပြောင်းလိုသည့် Wi-Fi နာမည်ကိုထည့်ရမည်ဖြစ်ပြီး WPA PreShared Key နေရာတွင်ပြောင်းလိုသည့် Password ကိုထည့် ရမှာဖြစ်ပါတယ်။

ZTE အမျိုးအစားဖြစ်ပါက အရင်ဆုံး Internet Browser တစ်ခုကိုဖွင့်ပေးပါ။ Address Bar တွင် 192.168.1.1 ကိုရိုက်ထည့်ပေးပါ။ Log in page ပေါ်လာပါက User Name – admin, Password – admin ဟုရိုက်ထည့်ပြီး Log in ဝင်ပေးပါ။ ONU Configuration Page ထဲရောက်သွားပါက Networkကိုနှိပ်ပြီး WLAN ကိုထပ်နှိပ်ပါ။ SSID Settings ကိုနှိပ်ပြီး SSID နေရာတွင်ပြောင်းလိုသည့် WIFI နာမည်ကိုထည့်ရမည်ဖြစ်ပါတယ်။ Security ကိုနှိပ်ပြီး WPA Passphrase နေရာတွင်ပြောင်းလိုသည့် Password ကိုထည့် ရမှာဖြစ်ပါတယ်။

Fiber Home အမျိုးအစားဖြစ်ပါက အရင်ဆုံး Internet Browser တစ်ခုကိုဖွင့်ပေးပါ။ Address Bar တွင် 192.168.1.1 ကိုရိုက်ထည့်ပေးပါ။ Log in page ပေါ်လာပါက User Name – admin, Password – admin ဟုရိုက်ထည့်ပြီး Log in ဝင်ပေးပါ။ ONU Configuration Page ထဲရောက်သွားပါက Networkကိုနှိပ်ပြီး Advanced ကိုထပ်နှိပ်ပါ။ SSID Nameနေရာတွင်ပြောင်းလိုသည့် WIFI နာမည်ကိုထည့်ရမှာဖြစ်ပြီး Pass Phrase နေရာတွင်ပြောင်းလိုသည့် Password ကိုထည့် ရမှာဖြစ်ပါတယ်။

အထက်ပါအချက်များကိုလုပ်ဆောင်ခြင်းအားဖြင့် WIFI Name နှင့် Password Change ချင်းတို့ကို လူကြီးမင်းတို့ကိုယ်တိုင်လုပ်ဆောင်နိုင်သလို Customer Service သို့ ဆက်သွယ်၍ လည်းကောင်း လုပ်ဆောင်နိုင်ပါသည်။

Related Post