G L O B A L N E T

Loading

zoom-globalnet-partner

COVID-19 ကပ်ရောဂါဟာ တစ်ကမ္ဘာလုံးရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး စသဖြင့်ကဏ္ဍတိုင်းကို သက်ရောက်မှုများစွာနဲ့ အပြောင်းအလဲများစွာကို ဖြစ်စေခဲ့ပါတယ်။ ဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်ဖို့  လူစုလူဝေးရှောင်ကြဉ်ရတဲ့၊ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေလာရတဲ့ အခုလိုအ‌ခြေအနေမှာ Video Communication က မရှိမဖြစ်အရေးပါလာပါတယ်။ Video Communication က လတ်တလောအကျပ်အတည်းကို ဖြေရှင်းပေးရုံသာမက New Normal ဖြစ်လာမယ့် အနာဂတ်နေထိုင်မှုပုံစံသစ်အတွက် အခြေခံကျတဲ့ နည်းလမ်းပါဖြစ်လာမှာဖြစ်ပါတယ်။

နိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍနဲ့ မြန်မာ့ပညာရေးကဏ္ဍအပါအဝင် ကဏ္ဍပေါင်းစုံမှာ ခေတ်မီ ဗီဒီယိုဆက်သွယ်ရေးပလက်ဖောင်းနဲ့ဆက်သွယ်ခြင်းကို ထိရောက်စွာအသုံးပြုနိုင်ရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Global Technology Company (GlobalNet) ဟာ ကမ္ဘာ့ Video-First Unified Communications မှာ ထိပ်တန်းနေရာကိုရရှိထားတဲ့ Zoom Video Communications, INC နဲ့ ၂၀၂၀ အောက်တိုဘာလမှာ စတင်လက်တွဲဆောင်ရွက်ခဲ့ပါတယ်။

ဒီလိုလက်တွဲမှုဟာ Zoom ရဲ့ product Suite အလုံးစုံကို မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ ဝင်ရောက်လာစေမယ့် အခွင့်အလမ်းကိုဖန်တီးလိုက်ခြင်းဖြစ်ပါတယ်။ ဒီအစီအစဉ်ကတစ်ဆင့် Global Technology ရဲ့ မိတ်ဖက်နဲ့ Customer တွေအနေနဲ့ Zoom ရဲ့ video Communications Solutions အပါအဝင် Zoom Meetings၊ Zoom Rooms နဲ့ Zoom Webinars တို့အတွက်ပါ access ရရှိနိုင်မှာဖြစ်ပါတယ်။

ရနိုင်တဲ့ Product နဲ့ Service တွေ

၁)Zoom Meetings & Chat

Online Meetings နဲ့ Training တွေအတွက် ထိရောက်စွာအသုံးပြုနိုင်တဲ့ ဝန်ဆောင်မှုပါ။

၂)Zoom Video Webinar

Marketing Events တွေနဲ့ Town Hall Meetings တွေအတွက် ကောင်းစွာအသုံးပြုနိုင်ပါတယ်။

၃)Zoom Conference Rooms

ဘယ်လောက်အရွယ်အစားရှိတဲ့အခန်းထဲမှာမဆို Enterprise-grade အဆင့်မြင့်ကြိုးမဲ့စနစ်နဲ့ ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။

၄)Zoom for Education

ကျောင်းသူကျောင်းသားတွေအနေနဲ့ ခေတ်မီတဲ့သင်ယူလေ့လာမှုတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

၅)Zoom for Healthcare

လူနာနဲ့ဆရာဝန်အနီးကပ်နေစရာမလိုဘဲ အဝေးကနေ Video Conferencing နဲ့ ကျန်းမာရေးဝန်ဆောင်မှု ပေးနိုင်တဲ့ စနစ်ဖြစ်ပါတယ်။

ဒါကြောင့် စီးပွားရေးလုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေနဲ့ သင်တန်းကျောင်းတွေ၊ ကျောင်းသူကျောင်းသားတွေအနေနဲ့ Zoom ဝန်ဆောင်မှုတွေကိုသုံးပြီး ထိရောက်တဲ့ဆက်သွယ်ဆောင်ရွက်မှုုကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ရရှိမယ့် အကျိုးကျေးဇူးတွေ

– Local Account Manager Team၊ Zoom Certified Specialist တွေနဲ့ Local Technical Team ကနေ ဝန်ဆောင်မှုုပေးမှာဖြစ်ပါတယ်။

– Logitech Devices တွေနဲ့တပ်ဆင်ပြီး Zoom Room Creat လုပ်တာ၊ လူပေါင်းများစွာပါဝင်တဲ့ Meeting နဲ့ Webinar တွေလို Feature တွေထပ်ထည့်တာ၊ တခြားဆော့ဖ်ဝဲနဲ့ App တွေနဲ့ချိတ်ဆက်တာတွေလို ဝန်ဆောင်မှုတွေပါရရှိနိုင်မှာဖြစ်ပါတယ်။

– Payment အနေနဲ့ဆိုရင်လည်း လွယ်လွယ်ကူကူပဲ မြန်မာငွေနဲ့ပေးချေလို့ရနိုင်မှာပါ။ သူ့ချည်းပဲလား၊ Free Trial Accounts၊ Demo Account for Business Plan နဲ့ Marketing Gifts တွေရရှိနိုင်တဲ့အပြင် အခါအားလျော်စွာပြုလုပ်တဲ့၊ ရာသီအလိုက်ပြုလုပ်တဲ့ Discount တွေကိုပါ ခံစားရရှိနိုင်မှာဖြစ်ပါတယ်။

              ဒါကြောင့် Zoom နဲ့ပတ်သက်တဲ့ အထူးဝန်ဆောင်မှုတွေကို လွယ်ကူထိရောက်စွာ သုံးချင်တယ်ဆိုရင် GlobalNet နဲ့သာ ဆက်သွယ်လိုက်ပါ။

Related Post