Digital Economy

Banks တွေမှာ ပိုက်ဆံတွေထားတာ နဲ့ Cloud မှာ Data တွေထားတာ . . အရင်ခေတ်က ကျွန်တော်တို့ မြန်မာတွေ ပိုက်ဆံကို အိမ်မှာပဲထားတယ်။ အိပ်ယာအောက်မှာ ထားတယ်။ ဘဏ်ကို မယုံဘူး။ ဘဏ်တစ်ခုခု ဖြစ်ရင် ပြန်မရမှာလည်း စိတ်ပူကြတယ်။

ခုခေတ်လည်း တချို့တွေ Data ကို ကိုယ့်စီမှာပဲထားချင်တယ်။ Cloud ပေါ်မှာမထားချင်ဘူး။ Cloud ကိုမယုံဘူး။ Cloud တခုခုဖြစ်မှာ စိတ်ပူကြတယ်။ ဘဏ်တွေက လာအပ်ငွေတွေကို ငွေတိုက် (vault) နဲ့ထားတယ်။ လုံခြုံရေးတွေ ထားပေးတယ်။ ကိုယ့်အိမ်မှာ အဲလို ငွေတိုက်ဆောက်ဖို့ မလွယ်ဘူး။ လုံခြုံရေးအဲလောက်လည်း မထားနိုင်ဘူး။ အိမ်နဲ့ ဘဏ် ဘယ်ဟာပို စိတ်ချရမလဲ။

Data တွေအတွက် ဆိုရင် လိုအပ်တဲ့ Data protection, firewall စတာတွေ လိုအပ်ပါတယ်။ Data တွေ ကိုယ့်ဆီမှာ ထားချင်ရင် အဲ့လုံခြုံရေး လိုအပ်ချက်တွေကို ဘယ်လောက် လုံလောက်အောင် တည်ဆောက်နိုင်မလဲ။ Cloud တွေမှာ လာထားတဲ့ သူတိုင်းအတွက် လိုအပ်တဲ့ Data protection, firewall တွေ တည်ဆောက် ပေးထားတယ်။ ဘယ်က ပိုလုံခြုံစိတ်ချရမလဲ။အိမ်မှာထားတဲ့ ပိုက်ဆံကို ဝယ်ဖို့ခြမ်းဖို့ သူများကိုပေးဖို့ လိုတဲ့အခါ ဘယ်လောက် အလွယ်တကူ ပေးချေနိုင်သလဲ။ ငွေနည်းရင် လွယ်မယ်။ ပေးရမယ့်သူနဲ့ နီးရင် လွယ်မယ်။ ငွေများရင်၊ နေရာဝေးရင်၊ အချိန်မတော်ဆိုရင် ဘယ်လိုပေးမလဲ။ ကိုယ့်ငွေကို ဘဏ်မှာထားမယ်ဆိုရင် သုံးဖို့၊ ပေးဖို့၊ လွှဲဖို့ ဘယ်အချိန်ဖြစ်ဖြစ်၊ ဘယ်လောက်ဖြစ်ဖြစ်၊ ဘယ်နိုင်ငံရောက်ရောက် လွယ်ကူစွာ ပေးချေလွှဲပေးနိုင်တယ်။ Data ကို ကိုယ့်ဆီမှာထားရင် အဲ့ data ကို read/write လုပ်မယ်ဆို အဆောက်အအုံ တခုထဲတူတူရှိရင်၊ ကိုယ့်ရုံးတွေ အချင်းချင်းကြားဆိုရင် လွယ်ပေမယ့် အပြင်လူ၊ ကိုယ့်မိတ်ဖက်တွေ၊ customer တွေကို ဘယ်လို ပေးသုံးမလဲ။ ကိုယ်က ပြည်ပရောက်နေရင် ဘယ်လို စီစဉ်မလဲ။ စသဖြင့် စီစဉ် ပေးဖို့မလွယ်ဘူး။ ကိုယ့်ရုံး၊ အိမ်မှာ ကျန်ခဲ့တဲ့ data ကို ခရီးသွားချိန်မှာ သုံးဖို့အဆင်မပြေ။ Data တွေ cloud မှာထားရင် Internet ရှိတဲ့ဘယ်နေရာက ဖြစ်ဖြစ် သုံးနိုင်တယ်။ ငွေကို အိမ်မှာထားရာကနေ ဘဏ်တွေမှာထား အသုံးပြုဖို့ အချိန်ယူပြောင်းလဲခဲ့သလို Data တွေကို ကိုယ့်ဆီမှာ သိမ်းရာကနေ Cloud ပေါ်မှာ ထားပြီးသုံးကြဖို့ . . Cloud မှာ ထားရင် အခုပြောတာလေးပဲ မဟုတ်ဘဲ အများကြီး ပိုကောင်းတာတွေ ရှိပါသေးတယ်။ ခုက ဘဏ်တွေကို လက်ခံလာပုံနဲ့ ယှဉ်ပြောပြချင်လို့ပါ။

App တွေ ကျယ်ကျယ်ပြန်ပြန့် သုံးနိုင်ဖို့ Cloud ရယ်၊ ဖုန်းရယ်၊ စျေးသက်သာတဲ့ အင်တာနက်ရယ် ပေါပေါများများ လိုပါတယ်။ Digital Economy ထဲမှာ ဖုန်းတွေ၊ device တွေ၊ အင်တာနက်တွေ၊ Cloud တွေဟာ key foundations နေရာက ပါဝင်ပါတယ်။

THEIN THAN TOE (CHIEF EXECUTIVE OFFICER)

Cloud တွေပို အသုံးကျယ်ပြန့်လာဖို့ ၂ ခုတော့လိုတယ်။ ၁။ ဖုန်းတွေ ၂။ စျေးသက်သာပြီး နေရာတိုင်း ကောင်းကောင်း သုံးလို့ရတဲ့ အင်တာနက် ခုလည်း cloud ကို အသုံးများလာကြပါပြီ။ မြန်မာတွေ အသုံးများတဲ့ cloud တွေက gmail (သင်တို့ရဲ့ email တွေ သင်တို့စက်ထဲမှာတင် မဟုတ်ဘဲ cloud ထဲမှာပါရှိပါတယ်၊ ဒါကြောင့် internet ရှိရင် ဘယ်နေရာ၊ ဘယ်အချိန်က ဖြစ်ဖြစ် email စစ်နိုင် သုံးနိုင်တာပါ)။ Grab taxi App က ဖွငိ့တာနဲ့ cloud ကိုချိတ်ပါတယ်။ သင်ဘယ်နေရာ၊ သင့်နားရှိတဲ့ Taxi စတာတွေက cloud မှာရှိတာပါ။ Wave money App ကလည်း cloud မှာရှိတာပါ။

Digital Economy အတွက် App တွေကို လူသိများကြပါတယ်။ အဲ့ App တွေ ကျယ်ကျယ် ပြန်ပြန့်သုံးနိုင်ဖို့ Cloud ရယ်၊ ဖုန်းရယ်၊ စျေးသက်သာတဲ့ အင်တာနက်ရယ် ပေါပေါများများ လိုပါတယ်။ Digital Economy ထဲမှာ ဖုန်းတွေ၊ device တွေ၊ အင်တာနက်တွေ၊ Cloud တွေဟာ key foundations နေရာက ပါဝင်ပါတယ်။

Share:

Related Post

Desktop as a Service (Amazon Workspace)
Desktop as a Service...

ရုံးတွင်းဝန်ထမ်းများသာမက ရုံးပြင်ပသွားရောက်လုပ်ကိုင်နေရသောဝန်ထမ်းများပါ အချိန်မရွေး နေရာမရွေး ...

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်အတွင်း အမြန်ဆုံး ISP ကွန်ရက်ဖြင့် သရဖူဆွတ်ဖူးခဲ့သော 5BB BROADBAND
မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်အတွင်း အမြန်ဆုံး...

၀၂၀ခုနှစ် – ဆက်သွယ်ရေး ထိပ်တန်းဝန်ဆောင်မှုပေးအပ်နေသည့် ...

Leading Next Generation Communication
Leading Next Generation Communication

𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐞𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 ကောင်းမွန်ဖို့ အဓိကစံသတ်မှတ်ချက်ရှိပြီး ...