Ans. Dedicated Internet Access (DAI) ဆိုသည်မှာ သီးခြား Fiber Cable Line မှ တဆင့် Customer Sites သို့ တိုက်ရိုက် ဆက်သွယ်ပေးထားသော စနစ်တစ်ခုဖြစ်ပြီး Internet Provider နှင့် Customer sites ကြားတွင် တခြား မည်သည့် လိုင်းခွဲမှ ချိတ်ဆက်ထားခြင်းမရှိသောကြောင့် တည်ငြိမ်ကောင်းမွန်သော Internet bandwidth နှင့် မြန်ဆန်သော Data transfer rate ကို ထောက်ပံ့ပေးထားသော လုပ်ငန်းသုံး အင်တာနက်ဝန်ဆောင်မှု တစ်ခုဖြစ်ပါသည်။
Ans. Dedicated Network Technology အရ သီးခြား Fiber Cable Line တွင် အခြားမည်သည့် Sharing Line များ အသုံးပြုထားခြင်းမရှိသောကြောင့် Dedicated Fully Bandwidth ကိုရရှိစေနိုင်သော Network System များ ဖြင့်တည်ဆောက်ထားပါသည်။ GlobalNet DIA သည် လူကြီးမင်း၏ ရုံးခန်းအတွင်းသို့အရောက် သီးသန့်ဖိုင်ဘာကြိုးဖြင့် သွယ်တန်းပေးသောကြောင့် အခြားသူများနှင့် sharing မလုပ်ရပါ။ (no wireless, no microwave, 100% fiber cable)
Ans. Dedicated Internet Access (DIA) သည်Data အသွားအလာများသော လုပ်ငန်းများ၊ Business Application/Software များအသုံးပြုနေရသောလုပ်ငန်းများ၊ Network Secure ဖြစ်လိုသောလုပ်ငန်းများ၊ Video Conferencing အသုံးပြုမှုများသောလုပ်ငန်းများ အတွက်အသင့်လျှော်ဆုံးသော အင်တာနက် အမျိုးအစားဖြစ်ပါသည်။
Ans. Network ပြတ်တောက်မှု မရှိစေရေးအတွက် အမြင့်ဆုံးအာမခံချက် (SLA) များပါရှိပါသည်။ Availability 99.99% အသုံးပြုနိုင်စေရပါမည်။ ပြတ်တောက်မှုရှိပါက ၄ နာရီအတွင်း(Mean time to Restore) ပြန်ကောင်းရန် အာမခံပါသည်။ ၄ နာရီထက် ပိုမိုပြတ်တောက်ပါက လစဉ်ကြေးမှရာခိုင်နှုန်းဖြင့် ပြန်လည်ပေးလျော်သောအထူး အာမခံချက်များပါရှိသည့် အထူးဝန်ဆောင်မှုများဖြစ်ပါသည်။
Ans. Internet Service Provider မှ DIA customer များအတွက် သီးခြားထုတ်ပေးထားသော Internet Protocol တစ်ခုဖြစ်ပါသည်။ Customer လုပ်ငန်းလိုအပ်ချက်အတိုင်း မေးမြန်ညှိနှိုင်းပြီး Dedicated Internet Access (DIA) နှင့် တွဲဖက်၍ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
Ans. GloalNet Technology Company ၏ Enterprise Sales Team နှင့် GlobalNet Sales Team များသို့ ဆက်သွယ်၍မေးမြန်းစုံစမ်းနိုင်ပြီး Sales Teams များမှ လူကြီးများထံသို့ လာရောက်ဆွေးနွေး‌‌ အကြံပြုပေးသွားမည်ဖြစ်ပါသည်။
Ans. ဘဏ်ကြီးများ၊ ဟိုတယ်ကြီးများ၊ စူပါမတ်ကတ်ကြီးများ၊ Automobile show room ကြီးများ၊ logistics company များ၊ Trading company များ၊ NGOs နှင့် INGOs များ၊ သံရုံးများ၊ International Schools များ စသည်တို့တွင် GlobalNet ရဲ့ စီးပွားရေး လုပ်ငန်းသုံး Dedicated Internet Access ကို ချိတ်ဆက်အသုံးပြုလျက်ရှိပါသည်။
Ans. GlobalNet DIA Service ကို အသုံးပြုသော Customer များအတွက် အခြားသူများထက်ပိုမို သာလွန်၍ မြန်ဆန်တည်ငြိမ်သောအင်တာနက်အရည်အသွေး၊ သေသပ်တိကျသော နည်းပညာဆိုင်ရာ ဝန်ဆောင်မှု နှင့် တပ်ဆင်မှု၊ အာမခံပေးထားသော SLA Level များအတိုင်း ဝန်ဆောင်မှုအပြည့်အဝရရှိခြင်း၊ လိုအပ်သည့် ထောက်ပံ့မှုများအတွက် အလွယ်တကူဆက်သွယ်အကြောင်းကြားနိုင်ခြင်း အစရှိသည့် များစွာသော Customer Service Quality အပြည့်အဝဖြင့် ဝန်ဆောင်မှုအကျိုးခံစားခွင့်များကို ရရှိခံစားရမှာဖြစ်ပါတယ်။
Ans. လူကြီးမင်းတို့အတွက် 24×7 Call Center ရှိသည့်အပြင် သီးသန့် Service team များကိုပါ 24×7 ထားရှိပါသည်။
Ans. GlobalNet DIA Service သည် customer site လိုအပ်ချက်အရ Special Fiber Service (Dual Fiber Broadband Line) များ ထောက်ပံ့ပေးထားသောကြောင့် connection ပြတ်တောက်မှုမရှိဘဲ မည်သည့်အချိန်မဆို မိမိရယူထားသည့် Internet Bandwidth ပမာဏအတိုင်း Business လုပ်ငန်းများအတွက် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ယုံကြည်စိတ်ချစွာ အသုံးပြု နိုင်ပါသည်။
Ans. ကွန်ရက်ပေါ်တွင် Customer ရွေးချယ်ဝယ်ယူထားသော သတ်မှတ်ပမာဏများအလိုက် သုံးစွဲသူမည်မျှပင် ရှိနေစေကာမူ မြန်နှုန်းမြင့် စွမ်းဆောင်ရည်ကို ထောက်ပံ့ပေးသည်။
GlobalNet ရုံးချုပ်တွင် လာရောက်ပေးဆောင်နိုင်သလို Online Payment များဖြစ်သည့် KBZ (Myanmar Kyats/ USD), AYA (Myanmar Kyats/ USD), CB (USD) များသို့ပေးဆောင်နိုင်မှာဖြစ်ပါတယ်။ လွဲရမည့် အကောင့်နံပါတ်များ ကို Customer သို့ လွဲအပ်ခဲ့သည့် User Acceptance Form တွင် ပါ၀င်ပြီးဖြစ်သလို Email သို့ ပေးပို့သည့် Invoice တွင်ဖော်ပြပါရှိပြီးဖြစ်ပါသည်။
Bill Invoice (ပေးဆောင်ရန်ဘေလ်)များကို လစဥ် (၁) ရက်နေ့မှ (၅) ရက်နေ့အတွင်း Register လုပ်စဉ်က ပေးထား သော Email သို့ Invoice ပေးပို့ပါသည်။ အထူးဂရုပြုရန်မှာ - Bill ပေးပို့သည့် email ကို စစ်ဆေးရန်လိုအပ်ခြင်း နှင့် အမြဲအသုံးပြုနေသော email ကိုသာ Register ပြုလုပ်စဥ် က ဖြည့်စွက်ခဲ့ရန်လိုအပ်ပါသည်။
…………………………
Service Order
UAT
Invoice
အဆောင် (၁၆), MICT Park, Hlaing Township သို့ လာရောက်ပေးဆောင်နိုင်ပါတယ်။
INV နှင့်စသော Invoice Number (INVxxxxxx), Company Name နှင့် ပေးသွင်းသူဖုန်းနံပါတ်အား မှန်ကန်စွာ ဖြည့်စွက်ရန် လိုအပ်ပါတယ်။
လစဥ် (၁) ရက်နေ့မှ (၅) ရက်နေ့အတွင်း email ဖြင့် ပေးပို့သော Invoice မှာလဲဖော်ပြထားပြီး ၊ Bill Reminder ကို လည်း Register ပြုလုပ်ခဲ့စဥ် က ဖြည့်စွက်ခဲ့သော Email သို့ (၃) ကြိမ်တိုင်တိုင် ပေးပို့ သတိပေး အကြောင်းကြား ပါတယ်။ Bill Due Date သည် လစဥ် (၂၅) ရက်နေ့ဖြစ်ပါတယ်။
Bill Due Date (လစဥ်ကြေးသတ်မှတ်ရက်) ထက်ကျော်လွန်ပြီး Bill မဆောင်ရသေးတဲ့အခါလိုင်းပိတ်ပါတယ်။ Bill ဆောင်ပြီးကြောင်းကိုလည်း Billing Department Phone – 09 420276646 ကို ဆက်သွယ်ခြင်း ၊ 09 420276646 Viber သို့ Bill ပေးဆောင်ပြီးကြောင်း Slip or Screen Shot or Evidence တစ်ခုခုကို ပေးပို့ဆက်သွယ်အကြောင်းကြား ခြင်းဖြင့် မြန်ဆန်ထိရောက်တဲ့ ၀န်ဆောင်မှုကို ရရှိမှာဖြစ်ပါတယ်။
လစဉ်ကြေးပေးဆောင်ရမည့် Bill Amount သည် invoice အောက်ဆုံး အကြောင်းမှာ Total Payable Amount ဆိုတဲ့ နေရာတွင်လွယ်ကူစွာစစ်ဆေးသိရှိနိုင်မှာဖြစ်ပါတယ်။
လစဥ် (၁) ရက်နေ့မှ (၅) ရက်နေ့အတွင်း Email ဖြင့် ပေးပို့သော Invoice မှာလဲ Bill ပေးဆောင်ရမည့် နေ့ကို ဖော်ပြ ထားပါတယ်။ Bill Reminder ကို လည်း Register ပြုလုပ်ခဲ့စဥ်က ဖြည့်စွက်ခဲ့သော Email သို့ (၃) ကြိမ်တိုင်တိုင် ပေးပို့ သတိပေး အကြောင်းကြားပါတယ်။
Billing Department ဖုန်းနံပါတ် - 09 420276646 သို့ ဆက်သွယ်နိုင်ပါတယ်။
Billing ကိစ္စများနှင့် ပတ်သက်၍ Phone - 09 452277297 Email - gnbilling@globalnetmm.com တို့ကို ဆက်သွယ်နိုင်ပြီး Customer အနေဖြင့် မိမိ၏ Customer ID,Customer Name,Description of Billing Status တို့ကို စုံလင်စွာ ဆက်သွယ်/ပေးပို့ဖို့ အထူးလိုအပ်ပါတယ်။ သို့မှသာ မြန်ဆန်ထိရောက်တဲ့ Billing Service ကို ရရှိမှာဖြစ်ပါတယ်။
  • Media Converter စက်ပေါ်တွင် OLOS မီးနီနေပါက အရင်ဆုံး စက်အနောက်မှာတပ်ထား တဲ့ Patch cord cable (အ၀ါရောင်) ကြိုးပြုတ်နေလား၊ ခေါက်နေလား၊ အရာဝတ္ထုတစ်ခုခုနဲ့ ဖိမိနေတာမျိုး ရှိ/မရှိအရင် စစ်ဆေးပါ။
  • ထို့နည်းတူ Ethernet Cable ကြိုးကိုလည်း စစ်ဆေးပေးပါ။
  • ပုံမှန်အနေအထားဖြစ်နေပါက အပြင်မှသွယ်တန်းထားသော Fiber Cable ကြိုးတွင် Damage ဖြစ်သွားခြင်း ဖြစ်နိုင်သောကြောင့် Call Center သို့ဆက်သွယ်ပြီး အသေးစိတ်စစ်ဆေးနိုင်ပါတယ်။
  • GlobalNet Device (Media Converter) ပေါ်က LED Status ကို စစ်ဆေးရန်
  • Media Converter ပေါ်ကFX မီးမလင်းခြင်း/OLOS မီးနီနေခြင်းများ စက်ပေါ်မှာဖြစ်ပေါ်နေပါက Call Center သို့ အကြောင်းကြားရန်
  • မည်သည့် Sign မှမပြပဲ ပုံမှန်နေအထားအတိုင်းကိုမှ Connection unavailable ဖြစ်ခဲ့လျှင်
    • Restart your computer
    • Restart your Router/ Modem
    • Reduce your device/user reliance
ဒါအပြင် အသေးစိတ်လမ်းညွှန်ချက်များကိုလည်း ပူးတွဲပါ link https://www.globalnet.com.mm/globalnet-dia-plan/ နှင် https://bit.ly/3pYOM0d တို့ တွင် Short Clip Video ဖြင့် အလွယ်တကူ မိမိကိုယ်တိုင် စစ်ဆေးနိုင်ပြီ ဖြစ်ပါတယ်။
အဆင့် (၁) Customer ဘက်က မိမိ ရွေးချယ်ထားတဲ့ Service Plan (Bandwidth) နှင့် မိမိရဲ့ Dat‌a & Device Usage Balance ဖြစ်ရဲ့လား၊ မိမိယူထားတဲ့ Bandwidth ထက် Dat‌a & Device Usage အသုံးများ တာလား စစ်ဆေးပေးရန်၊
အဆင့် (၂) Bandwidth နဲ့လဲ Balance ဖြစ်ရဲ့သားနဲ့ သုံးရတာ အဆင်မပြေမှုများရှိခဲ့ပါက
  • Restart your computer
  • Restart your Router/ Modem
  • Reduce your device/user reliance
အဆင့် (၃) တပ်ဆင်ခဲ့စဥ်က လွဲပေးခဲ့သော IP Address အား Testing ပြုလုပ်မည့် Computer တွင် ထည့်သွင်း၍ Media Converter အထွက်မှ တိုက်ရိုက်စမ်းပေးခြင်းတို့ကိုပြုလုပ်ခြင်းဖြင့် Connection Unavailable ကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။
အခြားနည်းလမ်း (၁) : https://www.globalnet.com.mm/globalnet-dia-plan/
အခြားနည်းလမ်း (၂) : https://www.youtube.com/watch?v=OQO_dK4g6a0
Service Desk 09 261825557 (သို့) Internet တပ်ဆင်ပြီးစီးသည့် အချိန်တွင် လွဲပြောင်းပေးခဲ့သည့် User Acceptance Form တွင် ဖော်ပြပါရှိပြီးဖြစ်သော Call Center ဖုန်းနံပါတ်ကိုလည်းကောင်း လွယ်ကူစွာ ဆက်သွယ်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။
Service Registration Form ဖြည့်စွက်ရာတွင် Email, Company/Business Name နှင့် Phone နံပါတ်များကို မှန်ကန် တိကျစွာဖော်ပြရန်လိုအပ်ပါသည်။ ဥပမာ -
  • Email သည် GlobalNet မှ Services, Information and Bill အစရှိသည့်ကိစ္စများ ဆောင်ရွက်ပေးပို့သည့်အခါ မိမိလုပ်ငန်းတွင် အမြဲတစေအသုံးပြုနေသော၊ Active Account ဖြစ်ပြီး GlobalNet Service ကို ဆက်လက် ဆောင်ရွက် မည့်သူ အသုံးပြုသည့် Email ကိုသာဖြည့်စွက်ရမည်။
  • ထို့နည်းတူ Company/Business Name ကိုလည်း တရား၀င်အသိအမှတ်ပြု နံမည်တစ်မျိုးတည်းကိုသာ အတိအကျဖော်ပြခြင်း နှင့်
  • ဆက်သွယ်ရာတွင် ၀န်ဆောင်မှုများကို ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးမည့်သူနှင့် လုပ်ငန်းတာ၀န်ရှိသူ အနည်းဆုံး (၂) ဦီး၏ Phone နံပါတ်ကိုလည်း ပြည့်စုံစွာဖြည့်စွက်ထားခြင်းဖြင့် လူကြီးမင်းတို့အတွက် မြန်ဆန် ထိရောက်တဲ့ After Sale Service မျိုးကို ရယူနိုင်မှာဖြစ်ပါတယ်။
User Acceptance Form ဆိုတာ Customer ထံ Internet Line တပ်ဆင်ပြီးစီးခဲ့စဥ်က လွဲပြောင်းပေးအပ်ခဲ့သည့် လက်ခံရရှိကြောင်း စာရွက်ဖြစ်ပါတယ် ။ ထိုစာရွက်တွင် Customer ID, Service Starting Date, Service Plans, IP Address နှင့် Billing Start Date အစရှိသည့် Customer တစ်ဦီးအနေဖြင့်မသိမဖြစ်လိုအပ်သည့် Information များ ပါ၀င်ပါသည်။
Customer ID ဆိုတာက Customer ထံ Internet Line တပ်ဆင်ပြီးစီးခဲ့စဥ်က လွဲပြောင်းပေးအပ်ခဲ့သည့် လက်ခံ ရရှိကြောင်းစာရွက်တွင်ပါရှိပြီးဖြစ်တဲ့ DIA-A နှင့်စသော Axxxx နံပါတ်ကို Customer ID ဟုဆိုလိုပါသည်။ Internet Connection တစ်စုံတစ်ခုဖြစ်ပေါ်ခဲ့ပါက Service Desk (Call Center) သို့ ယင်း A နှင့်စသော၈ဏန်း(၄) လုံး ပါရှိသည့် (Axxxx) Customer ID နံပါတ်ဖြင့် ဖော်ပြဆက်သွယ်မည်ဆိုပါက Call Center ၏ Service Specialist များမှ အချိန်တိုအတွင်း လွယ်ကူစွာ သင့်ရဲ့အခက်အခဲများကို အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်
  • Customer ID
  • Service Plan & Bandwidth
  • Billing, Sales, Service Desk Contact Phone Numbers from User Acceptance Form တို့ကို စစ်ဆေးလက်ခံ ပြီး သိမ်းဆည်းမှတ်သားထားဖို့လိုမှာဖြစ်ပါတယ်။
Service Desk (Call Center) ဖုန်းနံပါတ် - 09 261825557
Service Desk (Call Center) ဖုန်း - 09 777833022 Email - servicedesk@globalnetmm.com တို့ကို ဆက်သွယ်နိုင်ပြီး Customer အနေဖြင့် မိမိ၏ Customer ID,Customer Name,Description of Connection Status တို့ကို စုံလင်စွာ ဆက်သွယ် ပေးပို့ဖို့ အထူးလိုအပ်ပါတယ်။ သို့မှသာ မြန်ဆန်ထိရောက်တဲ့ Customer Service ကို ရရှိမှာဖြစ်ပါတယ်။