GTG Champion League ရဲ့ ဒုတိယအကြိမ်မြောက်ဘောလုံးပွဲကို၂၀၂၃ ခုနှစ်မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့
GTG Champion League 2023 ရဲ့ ဖလားကို Scorpions FC အသင်းမှ ဆွတ်ခူးရရှိ

၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့

နှစ်စဉ်ကျင်းပလျက်ရှိတဲ့ မိုးရာသီ GTG Champion league ဘောလုံးပွဲကို ၂၀၂၃ ခုနှစ်မှာ ဒုတိယအကြိမ်ကျင်းပခဲ့တာဖြစ်ပြီး GTG ကိုယ်စားပြု Scorpions FC အသင်းက Champion league Cup ကို ဆွတ်ခူးရရှိသွားပါပြီ။

Board of Directors များ Management Level မှ လူကြီးမင်းများသီးသန့်စုပေါင်းကစားတဲ့ GTG Community Cup ရဲ့ ဒုတိယအကျော့ပွဲစဉ်မှာလည်း Blue Team နဲ့ Red Team ယှည်ပြိုင်ခဲ့ကြပြီး Blue Team က အနိုင်ရရှိတာကြောင့် ဆုဖလားသိမ်းပိုက်နိုင်ခဲ့ပါတယ်။

Group A ရဲ့ ပထမနေရာမှာ ရပ်တည်နေခဲ့တဲ့ Scorpion FC အသင်းဟာဆိုရင် Group B ရဲ့ ပထမနေရာမှာ ရပ်တည်နေတဲ့ GTG ကိုယ်စားပြု Dragon FC အသင်းနဲ့ ဗိုလ်လုပွဲမှာ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီးနောက် ( 5 : 2 ) ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဘောလုံးပွဲစဉ်များကို July လ ပထမအပတ်မှာကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး ပြိုင်ပွဲဝင် အသင်းပေါင်း ၈ သင်းနဲ့ ပွဲစဉ်စုစုပေါင်း ၁၅ ပွဲ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

GTG Champion league ဘောလုံးပွဲကို ဝန်ထမ်းများအကြား လေးစားချစ်ခင်မှုနဲ့အတူ သဟဇာတဖြစ်တဲ့ လူမှုပတ်ဝန်းကျင်တစ်ခုရေရှည်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ပြီး BODs and Management team အပါအဝင် Yangonမှဝန်ထမ်းများ၊ LSP ကုမ္ပဏီမှဝန်ထမ်းများ၊ Vendors ၊ ISPs and MNOs မှဝန်ထမ်းများ ပါဝင်ခဲ့ကြပါတယ်။

Global Technology Group ရဲ့ BODs များမှ ချန်ပီယံဆုဆွတ်ခူးသွားတဲ့ Scorpion FC အသင်းအား ချန်ပီယံဖလား၊ဆုတံဆိပ်များနှင့်ငွေကျပ် ၁၅ သိန်း ဆုချီးမြှင့်ခဲ့ပြီး ဒုတိယဆုရရှိသွားတဲ့ Dragon FC အသင်းအား ဆုတံဆိပ်များနှင့် ငွေကျပ် ၈ သိန်း ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။

ဒါ့အပြင် GTG ရဲ့ တာဝန်ရှိပုဂ္ဂိုလ်များမှ The Best Fair Play Team Award အပါအဝင် ပွဲစဉ်တလျှောက် နေရာအလိုက် အကောင်းဆုံးတိုက်စစ်မှုဆု၊ အကောင်းဆုံးအလယ်တန်းကစားသမားဆု၊ အကောင်းဆုံး နောက်တန်းကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆု စတဲ့ Individual Award များကိုလည်း ထပ်မံချီးမြှင့်ပေးခဲ့ပါတယ်။

The Best Fair Play Team Award ကို MIH အသင်းမှလည်းကောင်း၊ အကောင်းဆုံး အလယ်တန်းကစားသမားဆုကို Scorpion FC အသင်းမှ ကျောနံပါတ် 15 ကိုချမ်းငြိမ်းဇော်မှလည်းကောင်း၊ အကောင်းဆုံး နောက်တန်းကစားသမားဆုကို Scorpion FC အသင်းမှ ကျောနံပါတ် 6 ကိုဟိန်းထက်ကျော်မှ လည်းကောင်း၊ အကောင်းဆုံးဂိုးသမားဆုကို Scorpion FC အသင်းမှ ကျောနံပါတ် 1 ကိုရွှေဝင်းမောင်မှလည်းကောင်း ၊အကောင်းဆုံးတိုက်စစ်မှုဆုကို Huawei အသင်းမှ ကျောနံပါတ် 23 Mr.Ning Xiaodong မှ လည်ကောင်း အသီးသီး ရရှိခဲ့ပါတယ်။


🏆 Seamless Successful Completion of the 2nd GTG Champion League 2023! 🏆

21st August, 2023

Scorpions FC won the GTG Champion League 2023 trophy. This annual football event had its second edition in 2023. Scorpions FC represented GTG and won the Champion League Cup.

In the GTG Community Cup’s second round, the Blue Team outplayed the Red Team to win the trophy. In the final, Scorpions FC, Group A’s top-ranked team, triumphed 5-2 against Dragon FC, who led Group B.

The tournament spanned July, with 15 matches featuring 8 teams. Yangon employees, including the Board of Directors and Management team, aimed to foster a positive social environment. LSP Company employees and Vendor Employees from ISPs and MNOs also participated.

Scorpion FC, the champions, were awarded the championship cup, medals, and a prize of 1,500,000 kyats by GTG’s Board of Directors. The runner-up, Dragon FC, received medals and 800,000 kyats.

The “Best Fair Play Team Award” was given by the MIH team. Chan Nyein Zaw, back number 15 of Scorpion FC, received the “Best Midfield Player Award.” The “Best Defence Award” was presented to Ko Hein Thant Kyaw, back number 6 of Scorpion FC. Mr. Shwe Win Maung, back number 1 of Scorpion FC, earned the “Best Goalkeeper Award,” and Mr. Ning Xiaodong, back number 23 of the Huawei team, secured the “Best Striker Award.”

Overall, the GTG Champion League 2023 showcased Scorpions FC’s triumph and promoted unity among employees and stakeholders. 🌟

Share:

Related Post

GTG Smart Leader Journal Vol – 14
GTG Smart Leader Journal...

မင်္ဂလာပါ ….. (၃) လတစ်ကြိမ် ...

𝐉𝐨𝐛 𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭 (Fiber Technician)
𝐉𝐨𝐛 𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭 (Fiber...

အင်တာနက်တပ်ဆင်ဝန်ဆောင်မှုပေးရန်အတွက် 𝐅𝐢𝐛𝐞𝐫 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐢𝐚𝐧 များကို ...

𝟑𝟎% 𝐎𝐟𝐟 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 .𝐦𝐦 𝐃𝐨𝐦𝐚𝐢𝐧
𝟑𝟎% 𝐎𝐟𝐟 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 .𝐦𝐦...

🌐မြန်မာ့ Online စီးပွါးရေးလုပ်ငန်းတိုင်းအတွက် မရှိမဖြစ် ...