GTG မိသားစု၏ ဒုတိယအကြိမ်မြောက် အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ

🙏🏼 GTG မိသားစု၏ ဒုတိယအကြိမ်မြောက် အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ 🙏🏼

📿 ဘာသာတရားကို အလေးအမြတ်ထားသည့် GTG မိသားစု၏ ဒုတိယအကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် LaLaKyi Studio ၌ စတင်ကျင်းပခဲ့ပါသည်။
🙏🏼အဆိုပါ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုကန်တော့၍ ရောင်ခြည်တော်ဖွင့်ဘုရားပင့် ဂါထာတော်ကို ရွတ်ဖတ်ပြီး ရွှေတောင်တိုက်သစ် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဇာနိဿရာလင်္ကာရာဘိဝံသ အရှင်သူမြတ်က နတ်ဗြဟ္မာများအားပင့်ဖိတ်သော ဂါထာတော်ကို ဆက်လက်ရွတ်ဖတ်သည်။
📚ထို့နောက် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ ယောဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလ ခံယူတည်ဆောက်ခြင်းနှင့် ပဌာန်းဩဝါဒကထာတရား ဆက်လက်နာယူပြီး GTG BODs များက လှူဖွယ်ဝတ္ထုများ လှူဒါန်းခဲ့ပါသည်။
🕯GTG ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်အတွင်း ကျန်းမာပျော်ရွှင်၍ စိတ်ဓာတ်ခွန်အားများ လန်းဆန်းတက်ကြွစေရန်နှင့် အန္တရာယ်ကင်း၍ ကောင်းကျိုးချမ်းသာမင်္ဂလာများ ဖြစ်ပွားစေရန်အကျိုးငှာ ၂၈-၈-၂၀၂၃ မှ ၃၁-၈-၂၀၂၃ အထိ (၄) ရက်၊ (၃) ညတိုင်တိုင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်ကြောင်း သိရသည်။
🕯ဗုဒ္ဓဘာသာဝင်တို့သည် ဝါတွင်းကာလမှာ ငါးပါးသီလကို ပိုမိုထိန်းသိမ်းကြသလို ကုသိုလ်ကောင်းမှုများပြုခြင်း၊ အလှူအတန်းများ ရက်ရောခြင်း၊ ဘာသာရေးလိုက်စားခြင်းများကို အထူးအလေးထား ပြုလုပ်ကြသည်မှာ ကြည်နူးဖွယ်ကောင်းသော ဓလေ့တစ်ခုပင် ဖြစ်ပါသည်။

Share:

Related Post

𝐄𝐱𝐚𝐦 𝐓𝐞𝐬𝐭 𝐂𝐞𝐧𝐭𝐞𝐫 ကြီးများအတွက် အသင့်တော်ဆုံး အရည်အသွေးအမြင့်ဆုံး အင်တာနက် 𝐃𝐈𝐀 (𝐃𝐞𝐝𝐢𝐜𝐚𝐭𝐞𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐞𝐭 𝐀𝐜𝐜𝐞𝐬𝐬)
𝐄𝐱𝐚𝐦 𝐓𝐞𝐬𝐭 𝐂𝐞𝐧𝐭𝐞𝐫 ကြီးများအတွက်...

Internet Speed တစ်ချက်နှေးလိုက်တာနဲ့ ရလဒ်တွေပြောင်းလဲသွားနိုင်တာမို့ ...

Eureka Moments of GlobalNet
Eureka Moments of GlobalNet

GlobalNet ၏ ဆက်သွယ်ရေး၀န်ဆောင်မှုများကို သုံးစွဲသူ ...

DIA Promotions 100 Mbps
DIA Promotions 100 Mbps

𝑮𝒍𝒐𝒃𝒂𝒍𝑵𝒆𝒕 DIA Services ရဲ့ ...