Global Technology Group 2024 Makers’ Conference Episode 9

Global Technology Group ၏ 2024 Makers’ Conference Episode 9 ကို မတ်လ ၁၆ ရက်နှင့် ၁၇ ရက်နေ့တွင် LaLaKyi Studio ၌ ကျင်းပခဲ့ပါသည်။

Makers’ Conference အခမ်းအနားကို လုပ်ငန်းခွင်အတွင်းမှာ အရည်အချင်း၊အားသာချက်များ ပြန်လည်ဆန်းစစ်ပြီး ပိုမိုကောင်းမွန်သည့် နည်းလမ်းများနှင့်အတူ လျှောက်လှမ်းနိုင်စေရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

ယခုကျင်းပသည့် Makers’ Conference တွင် Reinforcing Leadership Commitment and The Last Man Standing နှင့်ပတ်သတ်သည့် အကြောင်းအရာများကို အဓိကဆွေးနွေးခဲ့ကြပါသည်။

အဆိုပါပွဲတွင် ကုမ္ပဏီ၏ ဒါရိုက်တာ အဖွဲ့ဝင်များ၊ဌာနဆိုင်ရာ လူကြီးမင်းများနှင့် နယ်ပယ်အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး Panelist Session များ အလှည့်ကျ ဆွေးနွေးခြင်း၊ လေ့လာထားသည့်ပညာရပ်များ ပြန်လည်ပြောပြခြင်း၊ ရှေ့ဆက်လုပ်ဆောင်ရမည့် အကြံဉာဏ်များကို မျှဝေကြခြင်းများ ပြုလုပ်ကာ ပျော်ရွှင်စရာ Lucky Draw ကံစမ်းခြင်း၊ Best Preparation and Presentation အတွက် Panel Group Prize ချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့ပါသည်။

Share:

Related Post

SLA Assurance
SLA Assurance

📢 မြန်မာ့အကောင်းဆုံး 𝐒𝐋𝐀 𝐀𝐬𝐬𝐮𝐫𝐚𝐧𝐜𝐞 ...

25000KM FIBER CABLE
25000KM FIBER CABLE

ရန်ကုန်မြို့တွင် အကြီးမားဆုံး ကိုယ်ပိုင် Fiber ...