Global Technology Group မိသားစုမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ခြင်း

ယနေ့ သာသနာနှစ် ၂၅၆၈၊မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ဝါဆိုလပြည့်ကျော် (၄) ရက်နေ့တွင် Global Technology Group မိသားစုမှ လာလာကြည့်စတူဒီယို၌ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပူဇော်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သာကေတမြို့နယ်၊ တိပိဋကာလင်္ကာရ ပရိယတ္တိ စာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ) မဟာထေရ်အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ပြီး ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူခဲ့ပါသည်။

သံဃာတော်များအား ပင့်ဖိတ်တရားနာပြီးနောက် အလှူရှင် BODs များနှင့် GTG မိသားစုများမှ ဝါဆိုသင်္ကန်းများနှင့်လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

အခမ်းအနား ရုတ်သိမ်းပြီးနောက် ရွှေမိုးငွေမိုးများ ရွာသွန်းခြင်း၊ဆွမ်း ခဲဖွယ်များ ဆက်ကပ်လှူဒါန်းခြင်း၊ ဧည့်ပရိတ်သတ်များကို နေ့လယ်စာ တည်ခင်းဧည့်ခံခြင်းများ ပြုလုပ်ခဲ့ပါသည်။

အလှူပွဲဖြစ်မြောက်ရန် ဦးဆောင်စီစဉ်ပေးပါသော GTG မှ လူကြီးမင်းများနှင့် ဝိုင်းဝန်းပံ့ပိုးပေးကြသော ဝန်ထမ်းများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။

နှစ်စဉ်နှစ်တိုင်း ယခုလို ဆက်ကပ်လှူဒါန်းပူဇော်ရတဲ့ ကုသိုလ်အကျိုး​ကြောင့် အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

Share:

Related Post

Vmware Event 2022, Singapore
Vmware Event 2022, Singapore

GlobalNet was honored to ...

GlobalNet Committed to connecting the world
GlobalNet Committed to connecting...

🌐မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အင်တာနက်နှင့် ...

SLA Assurance
SLA Assurance

📢 မြန်မာ့အကောင်းဆုံး 𝐒𝐋𝐀 𝐀𝐬𝐬𝐮𝐫𝐚𝐧𝐜𝐞 ...