5G ပြောင်းလဲ တိုးတက်လာသော နည်းပညာနှင့် GlobaNet

5G ဖြစ်ပေါ်လာပုံအဆင့်ဆင့်ကို နှိုင်းယှဉ်ပြရမယ်ဆိုရင်တော့ …..

  • Second generation – 2G မှာတော့ Analog ဖုန်း Call တွေ စတင်လို့ရတာမျိုး ဖြစ်ပါတယ်။ Basic Internet၊ Radio Phone Call များ၊ Text နှင့် MMS များနှင့်သာ ဆက်သွယ်လို့ရတာမျိုးပဲ ဖြစ်ပါတယ်။
  • Third generation- 3G မှာတော့ Basic Video တွေ၊ Streaming ပြုလုပ်လို့ရတာတွေနဲ့ အင်တာနက်မြန်နှုန်း မြင့်လာတာတွေ အဖြစ်တိုးတက်လာမှာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။
  • Fourth generation- 4G LTE ကိုတော့ ကမ္ဘာတစ်ဝှမ်းမှာ 2010 လောက်မှာစတင် အသုံးပြုလာကြတာ ဖြစ်ပါတယ်။ အိမ်တွေမှာအသုံးပြုလာတဲ့ Broadband Wifi တွေလောက်မြန်နှုန်းမြင့်လာပြီး၊ Online Gaming တွေအတွက်ပါ အသုံးပြုလာနိုင်မှာ ဖြစ်ပါတယ်။

Where does 5G come from?

2G 3G 4G 5G
  • Radio calls
  • Texts
  • MMS
  • Basic Internet
  • Basic video calls
  • Straming
  • Better Internet
  • Speeds as far as our home broadband
  • Online gaming
  • Starts with 4G; organically evolves from it

5G ကိုအရှည်အားဖြင့် 5th generation mobile network လို့ခေါ်ပြိး 3G, 4G နောက်မှ ပေါ်လာတာပဲ ဖြစ်ပါတယ်။5G network ကိုကျယ်ပြန့်စွာ အသုံးပြုလာတဲ့နောက်မှာ လူတိုင်းက Networkပေါ်မှာပဲလျှင်မြန်စွာချိတ်ဆက်လာနိုင်ပြီး စက်ပစ္စည်း၊ အရာ၀တ္ထုတွေနဲ့လည်း လွယ်ကူစွာချိတ်ဆက်
အသုံးပြုလာနိုင်တဲ့ အတွက်ကြောင့် smart home၊ smart workplace များခေတ်စား လာမည်ဖြစ်သည်။ 5G Network အသုံးပြုမည်ဆိုပါက ယခင်ထက် အဆ ၅၀ ပိုမိုမြန်ဆန်လာပြီး၊ လိုင်းနှေးမှု၊လိုင်းထစ်မှု ၁၀ဆခန့် လျော့နည်းသွားမည်ဟုလည်း သိရသည်။

5G နည်းပညာကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကျတဲ့အခါမှာ အင်တာနက်မြန်နှုန်း အလွန်မြင့်လာပြီး၊ ဒေတာတွေ အကူးအပြောင်း လုပ်တဲ့အခါမှာနှောင့်နှေးတာမျိုးနည်းလာခြင်း၊ သုံးစွဲသူတွေအနေနဲ့ ရရှိတဲ့လိုင်းစွဲအားတူလာခြင်း အစရှိသည် တို့ကြောင့်မိုဘိုလ်းဒေတာနှင့် ချိတ်ဆက်ရသော စီးပွားရေးလုပ်ငန်းများ၊ ပို့ဆောင်ဆက်သွယ်ရေးစနစ်များ ချောမွေ့လာလာခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ တိုးတက်လာခြင်း၊ logistic နှင့်ပတ်သတ်သော လုပ်ငန်းများ ပိုမိုချောမွေ့လာခြင်းစသော အကျိုးကျေးဇူးများကို ရရှိလာနိုင်မည် ဖြစ်သည်။

5G နည်းပညာပြောင်းလဲရာတွင် service provider များ၏ အဓိက လိုအပ်ချက်သည် ဖိုင်ဘာဆက်ကြောင်းများ ဖြစ်သောကြောင့် IGW license ရှိသည့် လုပ်ငန်းများသည် အဓိကလိုအပ်ချက် ဖြစ်လာသည်။

GlobalNet သည် ပထမဦးဆုံး မြန်မာမှ နိုင်ငံတကာသို့ International Gateway License ရှိထားသော လုပ်ငန်းဖြစ်တဲ့ အတွက်ကြောင့် 5G စနစ်သို့ ပြောင်းလဲရာတွင်များစွာ အထောက်အကူပေးနိုင်မည် ဖြစ်သည်။ ထို့အပြင် GlobalNet ရဲ့ ဝန်ဆောင်မှုများတွင် ပါဝင်သော LTE service မှလဲ 5G ဝန်ဆောင်မှုများကို ပေးနိုင်မည်ဖြစ်သောကြောင့် အင်တာနက်ဝယ်ယူသုံးစွဲ သူများသည် အင်တာနက်ကို ပိုမိုသက်သာစွာနှင့် လွယ်ကူလျင်မြန်စွာ အသုံးပြုလာနိုင်မည် ဖြစ်သည်။

နည်းပညာတဟုန်ထိုး တိုးတက်လာမှုနှင့် အတူ 5G နည်းပညာ၏ ကောင်းကျိုးများပြားသော်လည်း ဆိုးကျိုးများလည်း အနည်းငယ်ဒွန်တွဲနေပြီး လေ့လာမှုများကို ပြုလုပ်နေဆဲ ဖြစ်သည်။

နောင်တချိန်တွင် တွင်ကျယ်စွာ အသုံးပြုလာရမည့် 5G အကြောင်းစုဆောင်းတင်ပြလိုက်ရပါသည်။

Share:

Related Post

The Top Level Domain Name Service Provider for Myanmar
The Top Level Domain...

GlobalNet (The Leading Telecommunications ...

Unlimited Cloud Storage (Amazon S3)
Unlimited Cloud Storage (Amazon...

Enterprise application များ၊ website ...

$20 Standalone VPS Package
$20 Standalone VPS Package

🏮🏮✨ $𝟐𝟎 နဲ့ 𝐕𝐏𝐒 ...