CB Bank

Customer

CB Bank

Products and Services

Dedicated Internet Access

Industry

Banking & Finance

Organization Size

Large

Key Operation Country

  • Consumer Banking
  • SME Banking
  • Corporate Banking
  • Prestige Banking

The Problem

CB Bank ၏ Dark Fiber Services နှင့် IP Transit Service တို့သည် Fiber Breakdown ဖြစ်ခြင်း‌ကြောင့် ၁၃ ရက်နေ့ စက်တင်ဘာလ ဒုတိယအပတ်တွင် လိုင်းများပြတ်တောက်သွားခဲ့ပါသည်။

Challenge

Challenge အနေဖြင့် ယခုကဲ့သို့ Service Provider များ၏ မှားယွင်းမှု‌ကြောင့် မဟုတ်ပဲ အင်တာနက် လိုင်းများ ပြိုင်တူ ပြတ်တောက်သွားသောအခါ   ဘဏ်လုပ်ငန်းများအနေဖြင့် Operation အပိုင်းတွင် နှောင့်နှေးခြင်း နှင့် အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။

The Solution

Global Technology အနေနဲ့ ယခုကဲ့သို့ လိုင်းပြတ်တောက်ခြင်းအပေါ်တွင် အမြန်ဆုံးလိုင်းပြန်လည် ရရှိစေနိုင်ရန် ၎င်းတို့ပိုင်အရံလမ်းကြောင်းမှ တစ်ဆင့် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ CB Bank ၏ Dark Fiber သည်လိုင်းပြတ်တောက်မှု စတင်ဖြစ်ပွားသော ၂၀၂၁ ခုနှစ် စက်တင်ဘာ (၁၃) ရက်နေ့မှာတင်ပဲ ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး  စုစုပေါင်း Downtime (၄နာရီ ၂၀မိနစ်)သာ ကြာမြင့် ခဲ့သည်။ ထို့အပြင် CB Bank ၏ IP Transit  ကိုလည်း စတင် ပြတ်တောက်သော အချိန်မှစ⁠⁠⁠၍ ကြာချိန် ၃နာရီကျော် အတွင်း ပြန်လည်ကောင်းမွန်ခဲ့ပါသည်။ 

ယခုကဲ့သို့ CB Bank ၏လုပ်ငန်းများ အချိန်တိုအတွင်း ပြန်လည် လည်ပတ်နိုင်ခဲ့ခြင်းမှာ Global Technology ၏ ကျွမ်းကျင်သော အင်ဂျင်နီယာများ၊ အဆင့်မြင့် နည်းပညာများနှင့် ကိုယ်ပိုင် Infrastructure များကြောင့် ဖြစ်ပြီး CB Bank ၏ အားထားရသော ISP ပီသစွာ စွမ်းဆောင်နိုင်ခဲ့ ပါသည်။ အခြား ISP များ action စတင် မယူသေးသည့် အချိန်မှာပဲ CB Bank ၏ လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ခဲ့သည့် အတွက် CB Bank ၏ Chief Technical Officer (CTO) ကိုယ်တိုင် ကျေးဇူးတင်ရှိ ကြောင်းပြောကြားခဲ့သည်။

The Brand

CB Bank  သည် မြန်မာနိုင်ငံရှိ ထိပ်တန်းဘဏ်များတွင် တခုအပါအ၀င်ဖြစ်ပြီး အသုံးပြုမှုအများဆုံး ဘဏ် တခုလဲဖြစ်သည်။ ဘဏ်ခွဲပေါင်း (၂၃၀) ကျော် ဖွင့်လှစ်ထားပြီး ဝန်ထမ်း ပေါင်း (၉၀၀၀) ကျော် အထိ တိုးချဲ့ခန့်ထားနိုင်ခဲ့ပြီဖြစ်ပါသည်။ CB Bank ၏ဝန်ဆောင်မှုများတွင် ပုဂ္ဂိလ်ရေးဆိုင်ရာ၊ လုပ်ငန်း ဆိုင်ရာ လိုအပ်ချက်များနှင့် အံဝင်ခွင်ကျ ဖြစ်အောင် စီမံထားသည့် ဘဏ်ဝန်ဆောင်မှုများကို Corporate များ၊ SME များနှင့် Retail Customer များအတွက် ပါ၀င်သည်ဟု သိရသည်။ ထို့အပြင် ချေးငွေ ဝန်ဆောင်မှုများ၊ International Trade, POS Services, API and Network Integration, Cash Management, Treasury, Internet Banking, Mobile Banking, Payroll Services အစရှိသည့် ဝန်ဆောင်မှုများလည်း ပေးအပ်လျက်ရှိကြောင်း သိရသည်။ 

The Conclusion

နိဂုံးချုပ်အားဖြင့် ဆိုရသော် CB Bank  အနေဖြင့် 

  • လိုင်းတည်ငြိမ်သော 
  • ဝန်ဆောင်မှု ကောင်းမွန်မြန်ဆန်သော  
  • Billing System ကောင်းပြီး လွယ်ကူစွာဆက်သွယ်ချိတ်ဆက်နိုင်သောကြောင့် Loyalty ISP အဖြစ် မှတ်တမ်းတင်အပ်ပါသည်။
Share:

Related Post

𝐆𝐥𝐨𝐛𝐚𝐥𝐍𝐞𝐭 𝐃𝐈𝐀 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐂𝐨𝐦𝐛𝐨 𝐏𝐥𝐚𝐧 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐒𝐚𝐥𝐞𝐬
𝐆𝐥𝐨𝐛𝐚𝐥𝐍𝐞𝐭 𝐃𝐈𝐀 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐂𝐨𝐦𝐛𝐨...

မန္တလေးမြို့ရှိ ဟိုတယ်ကြီးများအတွက် ဝန်ဆောင်မှု အရည်အသွေးအာမခံမှု ...

Right Data, Right Time & Cost-Effective With AWS For Microfinance
Right Data, Right Time...

ယနေ့ Banking Industry , ...

𝐄𝐧𝐭𝐞𝐫𝐩𝐫𝐢𝐬𝐞 𝐥𝐞𝐯𝐞𝐥 𝐝𝐢𝐠𝐢𝐭𝐚𝐥
𝐄𝐧𝐭𝐞𝐫𝐩𝐫𝐢𝐬𝐞 𝐥𝐞𝐯𝐞𝐥 𝐝𝐢𝐠𝐢𝐭𝐚𝐥

🏅လူကြီးမင်းတို့ရဲ့ 𝐄𝐧𝐭𝐞𝐫𝐩𝐫𝐢𝐬𝐞 𝐥𝐞𝐯𝐞𝐥 𝐝𝐢𝐠𝐢𝐭𝐚𝐥 ...