AWS အကြောင်းသိကောင်းစရာ

AWS (Amazon Web Services) ဆိုတာကတော့ Amazon ကနေ Cloud နဲ့ပတ်သတ်တဲ့ ဝန်ဆောင်မှု ၂၀၀ ကျော်ကိုပေးနေတဲ့ Cloud Computing Platform ပဲဖြစ်ပါတယ်။ Compute Power, Database Storage, Content Delivery စသော စီးပွားရေးလုပ်ငန်းများကို တိုးချဲ့ရန် လိုအပ်သော နည်းပညာတွေကို ဝန်ဆောင်မှုပေးပြီး ၂၀၀၆ မှာမှစတင်ခဲ့တဲ့ ထိပ်တန်း Cloud ၀န်ဆောင်မှုပဲဖြစ်ပါတယ်။

AWS ကို ၂၀၀၆ ခုနှစ်မှာ Amazon က၎င်းတို့ရဲ့  Retail Business အတွက်စတင်ခဲ့ပြီးနောက် Pay As You Go System နဲ့ ပြန်လည်ရောင်းချခဲ့ရာမှာ အလွန်အောင်မြင်ပြီး အသုံးတည့်တဲ့ Service တခုဖြစ်လာတာတော့ အားလုံးလဲသိရှိပြီးတဲ့အတိုင်းပါပဲ။ 

အခု Article လေးထဲမှာတော့ AWS အကြောင်းသိကောင်းစရာလေးတွေကို အတိုချုပ်မျှဝေပေးသွားမှာဖြစ်ပါတယ်။ 

What is AWS(Amazon web services)
WS ကိုအလွယ်အားဖြင့် Global Cloud Platform လို့ပဲမှတ်ယူလို့ရပြီး.. ကမ္ဘာပေါ်မှာရှိတဲ့ ကုမ္ပဏီပေါင်း ၅၀၀ ကျော်ဟာ လက်ရှိမှာအသုံးပြုနေတာဖြစ်ပါတယ်။ ဝန်ဆောင်မှုပေးနေတဲ့ Service တွေကိုတော့

  • Infrastructure As A Service (သူတို့ရဲ့ Server ကို Service အဖြစ်ပေးနေတာ)
  • Platform As A Service ( Java, PHP as a service )
  • Software As A service 
  • Cloud Storage ‌As A Service ဆိုပြီးအလွယ်တကူမှတ်ယူနိုင်ပါတယ်။

Why is AWS(Amazon web services) such a hit?
အကြောင်းအရာတွေအများကြီးအနက်ကမှ AWS အောင်မြင်လာတဲ့ အဓိကအကြောင်းအရာတွေကတော့ 

  • Per Hour Billing: အသုံးပြုသောလုပ်ငန်းတွေဟာ Per Hour Billing (Transparent ဖြစ်ပြီး အသေးစိတ် အချက်အလက် များကိုဖော်ပြထားတဲ့) Bill ကိုရရှိနိုင်ခြင်း။
  • Easy Billing Dashboard: AWS ကို Bill ပေးဆောင်ရတဲ့ Dashboard ဟာရိုးရှင်းလွယ်ကူခြင်း၊ Report များအလွယ်တကူရရှိနိုင်ခြင်း။
  • Easy Sign Up Process: ရှုပ်ထွေးလှတဲ့ Hardware Device တွေဝယ်ယူစရာမလိုပဲ Credit Card တခု၊ Email တခုရှိရုံနဲ့ အသုံးပြုနိုင်ခြင်း။
  • Stability: AWS ၏ Service များပေးဆောင်နေသော  Amazon Company သည် Stable ဖြစ်ပြီး ယြုံကည်စိတ်ချရသော  Company တခုဖြစ်ခြင်း။

AWS Services Overview
AWS ရဲ့များပြားလှသော Service များထဲမှာ အသုံးအများဆုံး Service များကတော့ 

  1. EC2 ( Elastic Computer Cloud)
  2. VPC (Virtual Private Cloud)  
  3. S3 ( Simple Storage Service) 
  4. Relational Database Service
  5. Route 53
  6. ELB ( Elastic Load Balancing) 
  7. Autoscaling တို့ပဲဖြစ်ပါတယ်။ 

AWS Future(Future of Amazon web services)

AWS ဟာ လောလောဆယ်မှာ Domain တိုင်းမှာတော့ Service တွေတိုးချဲ့နေပြီး လိုက်ပြီး လေ့လာကြည့်မယ်ဆိုရင်တောင် မရေမတွက်နိုင်အောင်များပြားနေပါတယ်။ Machine Learning ဖက်ကိုတော့နောင်ပိုင်းပိုမိုအာရုံစိုက်လာမှာဖြစ်ပြီး၊ Software As A Service (SAAS) ကိုလဲ ပိုမိုတိုးချဲ့ဝန်ဆောင်မှုပေးသွားဦးမယ်လို့ လေ့လာသိရှိရပါတယ်။ 

AWS နဲ့ ပတ်သတ်တဲ့ ဝန်ဆောင်မှုများနဲ့ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက AWS နဲ့ Official Partner ဖြစ်တဲ့ Global Technology ကဆွေးနွေးပေးဖို့အဆင်သင့်ရှိနေပါတယ်။ 

Hot Line Contact : +959883080874, +959883080849
Email : digitalsales@globalnetmm.com, digitalsales@globalnetmm.com

Share:

Related Post

𝗘𝗹𝗲𝘃𝗮𝘁𝗲 𝗬𝗼𝘂𝗿 𝗖𝗼𝗻𝗻𝗲𝗰𝘁𝗶𝘃𝗶𝘁𝘆 𝘄𝗶𝘁𝗵 𝗚𝗹𝗼𝗯𝗮𝗹𝗡𝗲𝘁’𝘀 𝗜𝗣-𝗧𝗿𝗮𝗻𝘀𝗶𝘁 𝗦𝗲𝗿𝘃𝗶𝗰𝗲
𝗘𝗹𝗲𝘃𝗮𝘁𝗲 𝗬𝗼𝘂𝗿 𝗖𝗼𝗻𝗻𝗲𝗰𝘁𝗶𝘃𝗶𝘁𝘆 𝘄𝗶𝘁𝗵...

🚀𝗘𝗹𝗲𝘃𝗮𝘁𝗲 𝗬𝗼𝘂𝗿 𝗖𝗼𝗻𝗻𝗲𝗰𝘁𝗶𝘃𝗶𝘁𝘆 𝘄𝗶𝘁𝗵 ...

Global Technology Company Job Fair 2025
Global Technology Company Job...

Global Technology Company Job ...

❤️ မြန်မာ့အမြန်ဆုံး 5BB Broadband Grand Opening New Showroom Ceremony ❤️
❤️ မြန်မာ့အမြန်ဆုံး 5BB Broadband...

5BB_Broadband ရဲ့ ဝေဇယန္တာ Showroom ...