အနာဂတ်ကာလစိမ်းလန်းဖို့  သစ်ပင်စိုက်ဒါနပြုကြစို့

As a socially and environmentally responsible company, GlobalNet is committed to sustainability and protecting the planet. In line with this commitment, we have taken significant steps to help reduce global warming and pollution by planting over 30,000 trees in Myanmar.

By doing so, we are playing our part in mitigating the effects of climate change and promoting a healthier environment for all. The company recognizes the importance of preserving the planet for future generations, and will continue to explore and implement initiatives that promote sustainability and environmental stewardship.


ပတ်ဝန်းကျင်စိမ်းစိုပြီး အပူဒဏ်တွေ လျှော့ချနိုင်ဖို့ သစ်ပင်လေးတွေ စိုက်ပျိုးခြင်းက ကိုယ်တိုင်သာမက အနီးအနားပတ်ဝန်းကျင်အတွက်ပါ နှစ်ပေါင်းများစွာအထိ အကျိုးရှိနေစေမှာပါ။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အပူဒဏ်လျှော့ချဖို့အတွက် ပခုက္ကူမှာ သစ်ပင် (၃၀၀၀၀) ဝန်းကျင် စိုက်ပျိုးခဲ့ပြီး ချောက်၊ ရေနံချောင်း၊ စလင်း၊ ရွှေစက်တော်ဘက်မှာလည်း သစ်ပင်တွေစိုက်ပျိုးခဲ့သည်။

အပူပိုင်းဒေသများတွင် သစ်ပင်စိုက်ပျိုးသည့် ထိုအစီအစဉ်များကို ၂၀၁၉ ခုနှစ်တွင် သရုပ်ဆောင် နေထူးနိုင်က စတင်ဦးဆောင်စီစဉ်ခဲ့သည်။

စိုက်ပျိုးဖို့ပြင်ဆင်ခဲ့တဲ့ သစ်ပင်အမျိုးအစားတွေကတော့ မကျည်း၊ တမာ၊ ကုက္ကိုလ်နဲ့ မယ်ဇလီပင်တွေပါဝင်ပြီး အနုပညာရှင်များစွာနဲ့ Global Technology Group ကုမ္ပဏီမှ ဝန်ထမ်းများ ပူးပေါင်းပါဝင်ခဲ့ကြပါသည်။

ကိုဗစ်လာလအတွင်းမှာလည်း “အပူဒဏ်ကိုကာကွယ်ဖို့ သစ်ပင်စိုက်ကြစို့” အစီအစဉ်အနေဖြင့်

မိမိ ခြံဝန်းအတွင်းမှာပဲဖြစ်ဖြစ်၊ အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများတွင် ဖြစ်ဖြစ် သစ်ပင်စိုက်ကြဖို့ Challenge ကို သရုပ်ဆောင် နေထူးနိုင်က ပြုလုပ်ခဲ့သည်။

ယခုဆိုလျှင် အဆိုပါသစ်ပင်များမှာ အောင်မြင်ဖြစ်ထွန်းလျှက်ရှိသော်လည်း မြင့်တက်လာသော သဘာဝအပူချိန်ကြောင့် သစ်ပင်များထပ်မံစိုက်ပျိုးကြရန် တိုက်တွန်းအပ်ပါသည်။

Share:

Related Post

VPS Hosting with GlobalNet Local Cloud : Fastest and the Most Reliable Locally
VPS Hosting with GlobalNet...

GlobalNet မှ VPS Hosting ...

GlobalNet’s AWS Managed Service
GlobalNet’s AWS Managed Service

🚀 GlobalNet’s AWS Managed ...

GlobalNet Multi-cloud
GlobalNet Multi-cloud

လူကြီးမင်းတို့ရဲ့ Enterprise level digital ...