GlobalNet ၏ မြန်နှုန်းမြင့် DIA ၏ အားသားချက်များ

GlobalNet ရဲ့ Dedicated Internet Access (DIA) ဆိုတာဘယ်လို အင်တာနက်အမျိုးအစားလဲ?

GlobalNet ၏ Dedicated Internet Access DIA ဆိုသည်မှာ သီသန့် Fiber Cable မှ တဆင့် Customer Sites သို့ အရောက်ပေးပို့ပေးမယ့်စနစ်တစ်ခုဖြစ်ပြီး Data Center နှင့် customer sites များကြားမှာ တခြား မည်သည့် Device မှ ကြားခံထားခြင်းမရှိပဲ တိုက်ရိုက်ချိတ်ဆက်ပေးသည့်အတွက် Data ပေးပို့မှုနှုန်း ပိုမိုမြန်ဆန်မှာ ဖြစ်ပါသည်။ “Dedicated Bandwidth” နည်းပညာအရ တခြားမည်သူနှင့်မျှ Sharing လုပ်စရာမလိုပဲ Dedicated Bandwidth ကိုရရှိမှာဖြစ်သည့်အတွက် မည်သည့်အချိန်မှာမဆို မိမိအသုံးပြုလိုတဲ့ Bandwidth ပမာဏအတိုင်း အပြည့်ရရှိဖို့ ၁၀၀ % ရာခိုင်နှုန်း အာမခံပေးထားသော Premium Quality, Pure Internet ဖြစ်ပါသည်။

ဘယ်လို လုပ်ငန်းမျိုးတွေက အသုံးများပါသလဲ ?

စီးပွားရေးလုပ်ငန်းကြီးများ ဘဏ်ကြီးများ၊ ဟိုတယ်ကြီးများ၊ စူပါမတ်ကတ်ကြီးများ၊ NGOs နှင့် INGOs များ၊ သံရုံးများ၊ International Schools များ၊ ကုမ္ပဏီကြီးများ အစရှိသည့် လုပ်ငန်းများမှာ GlobalNet ၏ Dedicated Internet Access ကို သုံးစွဲရန်အထူးသင့်တော်သောလုပ်ငန်းများဖြစ်ပါသည်။

အသုံးပြုတဲ့ လုပ်ငန်းများအတွက် မည်သို့သောအကျိုးကျေးဇူးများ၊ အာမခံချက်များရရှိပါသလဲ?

GlobalNet ၏ DIA Internet တွင် Highest Service Level Agreement ပါရှိပါသည်။ ၎င်း Highest Service Level Agreement တွင်ပါရှိသော အဓိကအားသာချက်၊ အကျိုးကျေးဇူးများမှာ

  1. Mean Time to Repair(MTR) များ သတ်မှတ်ထားပြီး လိုင်းပြတ်တောက်ခြင်း မရှိစေရန် အာမခံမှုပေးထားခြင်း
  2. MTR ထက်ကျော်လွန်၍ လိုင်းပြတ်တောက်မှုရှိခဲ့လျှင် မူလစာချုပ်တွင်ဖော်ပြထားသည့် အသေးစိတ် အချက်အလက် များကိုအခြေခံ၍ Customersများအား ငွေပြန်အမ်းပေးမည်ဖြစ်ပါသည်။
  3. Latency-3ms
  4. Network Availability-99.5%
  5. Packet Loss- 1% စသည့် သတ်မှတ်ချက်များနှင့် အညီ Highest Service Level Agreement 99.9% ရရှိနိုင်မည် ဖြစ်ပါသည်။ သီးခြားService Team ထားရှိကာဝန်ဆောင်မှုပေးနေသည့်အတွက် GlobalNet၏ Dedicated Internet Access DIA ကိုအသုံးပြုခြင်းအားဖြင့် လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းများအားလုံး နှောင့်နှေးကြန့်ကြာမှုမရှိပဲ လူကြီးမင်းတို့ စီးပွားရေး၏ အရေးပါသည့် အခန်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာအောင် အာရုံစိုက် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

GlobalNet၏ Dedicated Internet Access တွင်ပါဝင်သည့် စည်းကမ်းနှင့် သတ်မှတ်ချက်များမှာ

  1. Installation Charges သည် GN POP Site နှင့် Customer’s End Pointကြားတွင်ရှိသော အကွာအဝေးပေါ်တွင်မူတည်ပြီး ကျ သင့်မည်ဖြစ်ပါသည်။
  2. One Time Charges OTCတွင် Fiber နှင့် MUX Multiplexer ကုန်ကျစရိတ်တို့အပါအဝင်ဖြစ်သည်။
  3. Customers များသည် inhouse ဝါယာကြိုးတပ်ဆင်ခြင်းနှင့် အဆောက်အအုံစီမံခန့်ခွဲမှု၏ ခွင့်ပြုချက်ကို ဂရုစိုက်ရပါမည်။
  4. Bandwidth လျော့ချခြင်းနှင့် ယာယီလိုင်းပိတ်ခြင်းကို minimum contract ကာလတွင်ခွင့်ပြုခြင်းမရှိပါ။
  5. Early Termination Charges အတွက် ကျန်စာချုပ်သက်တမ်းအတွက်လစဉ်နှုန်းထား၏ ၁၀၀% ပေးဆောင်ရမည်ဖြစ်ပါသည်။
  6. Customers များသည် ကုန်သွယ်ခွန် 5% ကိုပေးဆောင်ရမည်ဖြစ်ပါသည်။
  7. Service Order ရရှိပြီး Bandwidth စတင်သုံးစွဲသည့်နေ့မှစ Bill Date သတ်မှတ်ပြီး OTC နှင့် Monthly Rate Charges အတွက် လစဥ်ငွေကို 100% အပြည့်ကြိုတင်ပေးဆောင်ရမည် ဖြစ်ပါသည်။
  8. Invoice လက်ခံရရှိပြီးနောက် ၂ ပတ်အတွင်း ပေးချေရမည် ဖြစ်ပါသည်။
  9. ပေးဆောင်ရာတွင် မြန်မာကျပ်ငွေ သို့မဟုတ် US Dollar ဖြင့်ပေးချေနိုင်မှာ ဖြစ်ပါသည်။
Share:

Related Post

GlobalNet ရဲ့ စိတ်အချရဆုံး .MM domain ကို ဘာလို့ရွေးချယ်သင့်လဲ
GlobalNet ရဲ့ စိတ်အချရဆုံး .MM...

GlobalNet ရဲ့ စိတ်အချရဆုံး .MM ...

𝐌𝐲𝐚𝐧𝐦𝐚’𝐬 𝐓𝐨𝐩 𝐅𝐢𝐧𝐭𝐞𝐜𝐡 𝐜𝐨𝐦𝐩𝐚𝐧𝐢𝐞𝐬 𝐜𝐡𝐨𝐨𝐬𝐞 𝐆𝐥𝐨𝐛𝐚𝐥𝐍𝐞𝐭 𝐂𝐥𝐨𝐮𝐝
𝐌𝐲𝐚𝐧𝐦𝐚’𝐬 𝐓𝐨𝐩 𝐅𝐢𝐧𝐭𝐞𝐜𝐡 𝐜𝐨𝐦𝐩𝐚𝐧𝐢𝐞𝐬...

✨❝𝐌𝐲𝐚𝐧𝐦𝐚’𝐬 𝐓𝐨𝐩 𝐅𝐢𝐧𝐭𝐞𝐜𝐡 𝐜𝐨𝐦𝐩𝐚𝐧𝐢𝐞𝐬 ...

𝐅𝐮𝐥𝐥𝐲 𝐑𝐞𝐝𝐮𝐧𝐝𝐚𝐧𝐭 𝐃𝐈𝐀 𝐒𝐞𝐫𝐯𝐢𝐜𝐞
𝐅𝐮𝐥𝐥𝐲 𝐑𝐞𝐝𝐮𝐧𝐝𝐚𝐧𝐭 𝐃𝐈𝐀 𝐒𝐞𝐫𝐯𝐢𝐜𝐞

မန္တလေးမြို့ရှိ လူကြီးမင်းများအတွက် စီးပွားရေးချိတ်ဆက်မှုတွေကို မြှင့်တင်ပေးမယ့် ...