“AMCHAM CSR Excellence Award (Gold Level) ဆုကို Global Technology Group မှ ၅ နှစ် ဆက်တိုက်ရရှိ”

On 2020, November 26, the American Chamber of Commerce in Myanmar (AMCHAM Myanmar)hosted the 6th Annual AMCHAM CSR Excellence (ACE) Recognition Ceremony in a special webinar for companies who are active in response to CSR activities companies. This annual occasion is held in conjunction with the traditional American Thanksgiving holiday and highlights the CSR efforts of member companies.

AMCHAM Myanmar မှချီးမြှင့်သောလူထုအကျိုးပြုလုပ်ငန်းလုပ်ဆောင်မှုများအတွက် AMCHAM CSR Excellence Award ပေးအပ်ပွဲအခမ်းအနားအစီအစဉ်ကို webinar (zoom) ဖြင့် 26.11.2020 ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများအသင်းရဲ့ စီးပွားရေးဆိုင်ရာ လူမှုရေးတာဝန်ယူမှုမှာ ထိပ်တန်းက ရွေးချယ်ခံရတဲ့ အသင်းဝင်ကုမ္ပဏီကြီးတွေကို အသိအမှတ်ပြုချီးမြှင့်ခြင်း အခမ်းအနားဖြစ်ပြီး AMCHAM CSR Excellence Award (Gold Level) ဆုကို Global Technology Group (GTG) မှ ၅ နှစ် ဆက်တိုက်ရရှိခဲ့သည့်အတွက် အများစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

GTG သည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍများတွင် တစ်ဖက်တစ်လမ်းမှ တာဝန်ယူမှုအပြည့်ဖြင့် ရပ်တည်နေသောအဖွဲ့အစည်းတစ်ခုဖြစ်သည်နှင့် အညီရှေ့ဆက်ဆောင်ရွက်ရမည့် လူမှုအကျိုးပြုလုပ်ငန်းတွေကိုလည်း ဆက်လက်ပြုလုပ်သွားနိုင်ဖို့ ၎င်းဆုသည် အားတစ်ခုလည်းဖြစ်စေပါတယ်။

GTG အနေနဲ့ မြန်မာနိုင်ငံတစ်ဝန်း ပြည်သူတွေအတွက် ရုပ်ပိုင်းဆိုင်ရာတင်မဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာများအတွက် မည်သည့်နေရာများတွင် လိုအပ်ချက်များရှိနေသည်ကို တွေ့ရှိ သိရှိနေပြီး ထောက်ပံ့ပေးနိုင်ရန် GTG ၏ CSR Team မှ ၂၀၂၁ ခုနှစ်တွင်ယခင်နှစ်များထက် အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။

GTG ၏ CSR Activities များ တစ်နှစ်ထက်တစ်နှစ် ပိုမိုလုပ်ရှားလာနိုင်ခြင်းမှာလည်း အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် သုံးစွဲသူများအပါအဝင် ဝန်ထမ်းများအားလုံး၏ကြိုးစားအားထုတ်မှုများကြောင့်သာ ဖြစ်သောကြောင့် Global Technology Group ၏ ဝန်ထမ်းများအားလုံးကိုယ်စား ဒီနေ့ ဒီလို အသိအမှတ်ပြု AMCHAM CSR Excellence (ACE) Awards ကို ၅နှစ်ဆက်တိုက်ရရှိခြင်းအား ဝမ်းမြောက်စွာမှတ်တမ်းတင်အပ်ပါတယ်။

Facebook live link: https://fb.watch/22Ya9RRQ4H/

Share:

Related Post

Google Workspace License Thadingyut Promotion
Google Workspace License Thadingyut...

𝐆𝐨𝐨𝐠𝐥𝐞 𝐖𝐨𝐫𝐤𝐬𝐩𝐚𝐜𝐞 𝐋𝐢𝐜𝐞𝐧𝐬𝐞 အမျိုးအစား ...

Most Reliable & Best Solution For Healthcare Sectors With AWS CLOUD
Most Reliable & Best...

မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အင်တာနက်နှင့် ...