Five Ways To Deliver Excellent Customer Service

Customer Service က လုပ်ငန်းတိုင်းအတွက် မရှိမဖြစ်အရေးကြီးပါတယ်။ လုပ်ငန်းတွေရဲ့ တန်ဖိုး Value ကို မြှင့်တင်ပေးနိုင်တဲ့ Value Creation Process ရဲ့ Activity တစ်ခုဖြစ်ပါတယ်။ ကိုယ်ရောင်းချနေတဲ့ Product သို့မဟုတ် Service ဘယ်လောက် ကောင်းကောင်း Customer Service ကောင်းကောင်း မပေးနိုင်ရင်ကိုယ့်ဆီမှာဝယ်ဖို့ ကိုယ့်ဆီမှာ Buying Decision ရဖို့ အခွင့်အရေး တော်တော်နည်းတယ်လို့ ပြောလို့ရပါတယ်။ ထို့အတူပဲ လက်ရှိ Existing Customer တွေကိုလဲ Customer Service ကောင်းကောင်းမပေးနိုင်ရင် Retain လုပ်နိုင်ဖို့ခက်ပါလိမ့်မယ်။ ဒီ့အတွက် Customer တွေနဲ့တိုက်ရိုက်ဆက်ဆံနေရတဲ့ Call Center, Sales, Billing နဲ့ Service အဖွဲ့များ အတွက် မဖြစ်မနေ လိုက်နာဆောင်ရွက်သင့်တဲ့ အရာများကို တင်ပြပေးချင်ပါတယ်။

GlobalNet အနေဖြင့် Customer များကို ဝန်ဆောင်မှုပေးပြီး နောက်ပိုင်းမှာ စိတ်ကျေနပ်မှု အခြေအနေနှင့် Product Serviceနဲ့ပတ်သက်ပြီး အဆင်ပြေမှုရှိ မရှိအား အမြဲစောင့်ကြည့်စစ်ဆေးနေပါတယ်။

၁. Customer များကို လေးစားစွာဆက်ဆံပါ

ဘယ်လို Relationship မျိုးမှာဖြစ်ဖြစ် လေးစားမှုက မရှိမဖြစ် စံနှုန်းတစ်ခုပါ။ Customer ဆိုတာ ကိုယ့်ရဲ့လုပ်ငန်းနဲ့ ရေရှည် Relationship ဆောက်တည်ရမယ့် လူမျိုးပါ။ Customer ကို လေးစားစွာ ဆက်ဆံရန် အရေးကြီးပါတယ်။

၂. ရိုးသားပါ

ရိုးသားပါဆိုတဲ့နေရာမှာ သတိထားသင့်တာက လုပ်ငန်းကို အဖျက်ဆီးနိုင်ဆုံးအချက်က ကတိပျက်ခြင်းပါ။ ကိုယ့်လုပ်ငန်းကမပေးနိုင်တဲ့ Service ၊ Product တွေကို ပိုပြောမိတာ Over Promise ပေးမိတဲ့ အတိုင်း မဆောင်ရွက်ပေးနိုင်တဲ့အခါ ကတိပျက်ရာ ရောက်ပါတယ်။ ဒါကြောင့် လုပ်ငန်းအကြောင်း ရှင်းပြရာမှာ အလုံးစုံရိုးသားဖို့ လိုပါတယ်။

၃. တာဝန်ယူမှုအပြည့်ရှိပါ

ကိုယ့်လုပ်ငန်းက တကယ့်ကို Professional ဆန်တဲ့ လုပ်ငန်းဖြစ်ဖို့က တာဝန်ယူမှုရှိဖို့လိုပါတယ်။ လုပ်ငန်းမှာ Customer တွေ complain တက်တဲ့ ပြသနာတွေ Negative Feedback တွေကို ပြေလည်အောင် ကိုင်တွယ်ဖြေရှင်းပေးဖို့လိုပါတယ်။ Customer Service ဆိုတာ ကုမ္ပဏီရဲ့ Front-Line က Representative တွေဖြစ်ပါတယ်။ ဘယ်နေရာမှ ဘယ်လို ပြသနာတက်တက် Customer Service က ကျေနပ်အောင် အရင် ဖြေရှင်းပေးရမှာပါ။ လိုအပ်ပါက အလျှင်အမြန် တောင်းပန်ပြီး ပြေလည်အောင် ဖြေရှင်းပေးရပါမှာဖြစ်ပါတယ်။

၄. စကားပြောတဲ့အခါ မိမိကိုယ်မိမိ နှိမ့်ချစွာဆက်ဆံပါ

ကိုယ့်ကိုယ်ကို Customer နေရာကနေ အမြဲဝင်ကြည့်ပါ။ ကိုယ့်ကို စိတ်ကျေနပ်မှု မပေးနိုင်တဲ့သူဆီမှာ ကိုယ့် Product/ Service ကို ဝယ်ချင်မှာ မဟုတ်ပါဘူး။ ဝယ်ဖြစ်မှာလည်း မဟုတ်ပါဘူး။ Customer ကို ပြောဆိုဆက်ဆံရာမှာ အထိုက်အလျောက်တော့ နှိမ့်ချဆက်ဆံဖို့လိုပါတယ်။

၅. ကျေးဇူးတင်စကားပြောပေးပါ

ကျေးဇူးတင်စကားပြောခြင်းဟာ ကိုယ့် Customer တွေ စိတ်ကျေနပ်စေပြီး ကိုယ့် ရဲ့ Loyal Customer တွေရရှိစေမှာပါ။ ကျေးဇူးတင်စကားတစ်ခွန်းအတွက် သင့်ရဲ့အားစိုက်ထုတ်မှု အများကြီးမလိုအပ်ပါဘူး။ ဒါပေမယ့် Customer တွေ သင့်ရဲ့ Product သိုမဟုတ် Service ကို ရွေးချယ်ဖို့ အလွန်ကြီးမားတဲ့ သက်ရောက်မှုမျိုးရမှာပါ။

Share:

Related Post

GlobalNet Becomes Mother of ISP
GlobalNet Becomes Mother of...

GlobalNet is leading telecommunication ...

𝐄𝐧𝐭𝐞𝐫𝐩𝐫𝐢𝐬𝐞 𝐋𝐞𝐯𝐞𝐥 𝐃𝐢𝐠𝐢𝐭𝐚𝐥
𝐄𝐧𝐭𝐞𝐫𝐩𝐫𝐢𝐬𝐞 𝐋𝐞𝐯𝐞𝐥 𝐃𝐢𝐠𝐢𝐭𝐚𝐥

မိတ်ဆွေတို့ရဲ့လုပ်ငန်းများကို 𝐄𝐧𝐭𝐞𝐫𝐩𝐫𝐢𝐬𝐞 𝐋𝐞𝐯𝐞𝐥 𝐃𝐢𝐠𝐢𝐭𝐚𝐥 ...

Myanma Top Bank Chooses GlobalNet AWS Managed Service
Myanma Top Bank Chooses...

✨❝𝐌𝐲𝐚𝐧𝐦𝐚 𝐓𝐨𝐩 𝐁𝐚𝐧𝐤 𝐂𝐡𝐨𝐨𝐬𝐞𝐬 ...