Global Technology Group ၏ သတ္တရသမ (၁၇) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်

Global Technology Group သည် သတ္တရသမ (၁၇) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို တိပိဋကာလင်္ကာရကျောင်းတိုက်တွင် လှူဒါန်းကျင်းပခဲ့ပါသည်။

မြန်မာသက္ကရာဇ် ၁၃၈၆ ခု၊ တန်ဆောင်မုန်းလဆန်း (၅) ရက်နေ့၊ ခရစ်နှစ် ၅.၁၁.၂၀၂၄ (အင်္ဂါနေ့)၊နံနက် (၉) နာရီ ၌ ရဟန်း သံဃာဆရာတော်များအား ကထိန်လျာသင်္ကန်းနှင့်တကွ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
အလှူအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဌဆရာတော် ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိ(ဒွိပိဋကဓရ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကတေဇ) မဟာရ်ထေမြတ်နှင့်တကွ အမှူးပြုသော သံဃာတော်များအား ကထိန်သင်္ကန်းနှင့်ပစ္စည်းများဆည်းကပ်လှူဒါန်းပြီး ရိုသေလေးမြတ်စွာ တရားတော်များနာယူခဲ့ကြပါသည်။

မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ချီးမွမ်းတော်မူခဲ့တဲ့ အကျိုးကြီးမားမြင့်မြတ်လှသည့်
ကထိန်သင်္ကန်းလှူဒါန်းခြင်းတွင် ပါဝင်ခဲ့ကြသော GTG မိသားစုမှ တာဝန်ရှိလူကြီးမင်းများ၊ လုပ်ဖော်ကိုင်ဖက် Customers များ အားလုံး “ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ” ကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

Share:

Related Post

6 Ways to Deliver Excellent Customer Service
6 Ways to Deliver...

ကျွန်တော်တို့ GlobalNet Company အနေဖြင့် ...

CDSG Group
CDSG Group

The Brand CDSG Group, ...