Global Technology Group ရဲ့ သောဠသမ(၁၆)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား

Global Technology Group ရဲ့ သောဠသမ(၁၆)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို တိပိဋကာလင်္ကာရကျောင်းတိုက်တွင် လှူဒါန်းကျင်းပခဲ့ပါတယ်။
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၂) ရက်နေ့၊ ခရစ်နှစ် ၂၄.၁၁.၂၀၂၃ (သောကြာနေ့) ၌ ကျင်းပတဲ့ မဟာဘုံကထိန်တွင် ဆရာတော်သံဃာတော်များအား ကထိန်လျာသင်္ကန်းနှင့်တကွ လှူဖွယ်ဝတ္တုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။
GTG မိသားစုမှ တာဝန်ရှိလူကြီးမင်းများနှင့် HODs များကိုယ်တိုင် ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ဘုရားတို့၏ တရားတော်များကို ရိုသေလေးမြတ်စွာ နာယူခဲ့ကြပါတယ်။
GTG မိသားစုရဲ့ လုပ်ဖော်ကိုင်ဖက်များအပါအဝင် Customers များ အားလုံး “ကိုယ်စိတ်နှစ်ဖြာ ကျန်းမာစွာနဲ့ အလှူဒါနများ တိုးပွားနိုင်ပါစေ” လို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

Share:

Related Post

Growing IEPL service
Growing IEPL service

By using those reliable ...

GlobalNet (The Leading Telecommunications Company) Named The Top Level Domain Name Service Provider for Myanmar
GlobalNet (The Leading Telecommunications...

မြန်မာနိုင်ငံရဲ့ Digital Economy ကဏ္ဍတစ်ခုလုံးအတွက် ...