Global Technology Group ရဲ့ သောဠသမ(၁၆)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား

Global Technology Group ရဲ့ သောဠသမ(၁၆)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို တိပိဋကာလင်္ကာရကျောင်းတိုက်တွင် လှူဒါန်းကျင်းပခဲ့ပါတယ်။
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၂) ရက်နေ့၊ ခရစ်နှစ် ၂၄.၁၁.၂၀၂၃ (သောကြာနေ့) ၌ ကျင်းပတဲ့ မဟာဘုံကထိန်တွင် ဆရာတော်သံဃာတော်များအား ကထိန်လျာသင်္ကန်းနှင့်တကွ လှူဖွယ်ဝတ္တုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။
GTG မိသားစုမှ တာဝန်ရှိလူကြီးမင်းများနှင့် HODs များကိုယ်တိုင် ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ဘုရားတို့၏ တရားတော်များကို ရိုသေလေးမြတ်စွာ နာယူခဲ့ကြပါတယ်။
GTG မိသားစုရဲ့ လုပ်ဖော်ကိုင်ဖက်များအပါအဝင် Customers များ အားလုံး “ကိုယ်စိတ်နှစ်ဖြာ ကျန်းမာစွာနဲ့ အလှူဒါနများ တိုးပွားနိုင်ပါစေ” လို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

Share:

Related Post

GlobalNet Cloud VMware Official Partner Myanmar
GlobalNet Cloud VMware Official...

လူကြီးမင်းတို့ စီးပွားရေးလုပ်ငန်းများအတွက် အရေးအပါဆုံးဖြစ်သည့် Data ...

Pullman Mandalay Mingalar Hotel
Pullman Mandalay Mingalar Hotel

The Brand Pullman Mandalay ...

200 Gps Peering Connectivity
200 Gps Peering Connectivity

𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐞𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 ကောင်းမွန်ဖို့ အဓိကစံသတ်မှတ်ချက်ရှိပြီး ...