GTG မိသားစု၏ ဒုတိယအကြိမ်မြောက် အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ

🙏🏼 GTG မိသားစု၏ ဒုတိယအကြိမ်မြောက် အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ 🙏🏼

📿 ဘာသာတရားကို အလေးအမြတ်ထားသည့် GTG မိသားစု၏ ဒုတိယအကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် LaLaKyi Studio ၌ စတင်ကျင်းပခဲ့ပါသည်။
🙏🏼အဆိုပါ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုကန်တော့၍ ရောင်ခြည်တော်ဖွင့်ဘုရားပင့် ဂါထာတော်ကို ရွတ်ဖတ်ပြီး ရွှေတောင်တိုက်သစ် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဇာနိဿရာလင်္ကာရာဘိဝံသ အရှင်သူမြတ်က နတ်ဗြဟ္မာများအားပင့်ဖိတ်သော ဂါထာတော်ကို ဆက်လက်ရွတ်ဖတ်သည်။
📚ထို့နောက် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ ယောဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလ ခံယူတည်ဆောက်ခြင်းနှင့် ပဌာန်းဩဝါဒကထာတရား ဆက်လက်နာယူပြီး GTG BODs များက လှူဖွယ်ဝတ္ထုများ လှူဒါန်းခဲ့ပါသည်။
🕯GTG ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်အတွင်း ကျန်းမာပျော်ရွှင်၍ စိတ်ဓာတ်ခွန်အားများ လန်းဆန်းတက်ကြွစေရန်နှင့် အန္တရာယ်ကင်း၍ ကောင်းကျိုးချမ်းသာမင်္ဂလာများ ဖြစ်ပွားစေရန်အကျိုးငှာ ၂၈-၈-၂၀၂၃ မှ ၃၁-၈-၂၀၂၃ အထိ (၄) ရက်၊ (၃) ညတိုင်တိုင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်ကြောင်း သိရသည်။
🕯ဗုဒ္ဓဘာသာဝင်တို့သည် ဝါတွင်းကာလမှာ ငါးပါးသီလကို ပိုမိုထိန်းသိမ်းကြသလို ကုသိုလ်ကောင်းမှုများပြုခြင်း၊ အလှူအတန်းများ ရက်ရောခြင်း၊ ဘာသာရေးလိုက်စားခြင်းများကို အထူးအလေးထား ပြုလုပ်ကြသည်မှာ ကြည်နူးဖွယ်ကောင်းသော ဓလေ့တစ်ခုပင် ဖြစ်ပါသည်။

Share:

Related Post

Web Domain 20% off
Web Domain 20% off

🌟 𝐆𝐥𝐨𝐛𝐚𝐥𝐍𝐞𝐭 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫𝐬 များအတွက်🔥 ...