မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်အတွင်း အမြန်ဆုံး ISP ကွန်ရက်ဖြင့် သရဖူဆွတ်ဖူးခဲ့သော 5BB BROADBAND

ရန်ကုန်၊မြန်မာ၊သြဂုတ်လ ၁၇ ရက်၊ ၂၀၂၀ခုနှစ် – ဆက်သွယ်ရေး ထိပ်တန်းဝန်ဆောင်မှုပေးအပ်နေသည့် Global Technology Group သည် ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ အမြန်ဆန် အတိကျဆုံး Broadband ကွန်ရက်အဖြစ် ကမ္ဘာလုံးဆိုင်ရာ အင်တာနက် စမ်းသပ် အကဲဖြတ်ရေးဦးဆောင်အဖွဲ့အစည်းဖြစ်သော Ookla ၏ အသိအမှတ် ပြုခြင်းခံရသည်။ 5BB Broadband သည်အမြန်နှုန်းရမှတ် ၂၁.၅၈ ရရှိပြီးထိပ်တန်း ဒေါင်းလုပ်အမြန်နှုန်း ၅၇.၉၇ Mbps နှင့် အမြန်ဆုံး upload အမြန်နှုန်း ၄၃.၆၁ Mbps အထိ မြန်ဆန်မှုနှုန်းအား ကောင်းခဲ့သည်။

Fixed ကွန်ရက်များအတွက်ပေးအပ်သော ဤဆုသည် ၁,၅၃၉,၄၀၆ ယောက်သော သုံးစွဲသူများ၏ မြန်မာပြည်တစ်ဝန်း Fixed ကွန်ရက်များအတွက် အမြန်နှုန်းစမ်းသပ်မှု အပ်ပလီကေးရှင်း အပေါ် အခြေခံ၍ Ookla က တိကျမှန်ကန်စွာ လေ့လာဆန်းစစ်ပြီး နှိုင်းယှဉ်ခဲ့ခြင်းဖြစ်သည်။ 5BB Broadband သည် ပြိုင်ဘက်များကိုဖြတ်ကျော်ကာ ဇန်နဝါရီလ ၂၀၂၀ ခုနှစ်မှ ဇွန်လ ၂၀၂၀ အထိ မြန်မာနိုင်ငံ၏အမြန်ဆန်ဆုံး Fixed ကွန်ရက် အဖြစ် သတ်မှတ်ခြင်းကိုခံခဲ့ရသည်။

ပြီးခဲ့သောနှစ်များတွင် မြန်မာနိုင်ငံ၏ Fastest Mobile Network နှင့်ပတ်သက်သော ဆုချီးမြှင့်မှုမျိုးသာ ရှိခဲ့သော်လည်း ယခုနှစ်အခါတွင် Fastest Fixed Network အတွက် ဆုကို မြန်မာပြည်အတွက် ပထမဦးဆုံးပေးရာတွင် 5BB Broadband မှ Operators များ၊ အခြားသော Internet Service Provider များကို အောင်မြင်စွာကျော်ဖြတ်ပြီး ပထမဆုံး ရရှိခဲ့ပါသည်။

“Global Technology Company က ဝန်ဆောင်မှုပေးနေတဲ့ 5BB Broadband ဟာ မြန်မာနိုင်ငံ မှာအမြန်ဆုံး ISP Network ဆုကို ဆွတ်ခူးရရှိခဲ့တဲ့အကြောင်းကို ဝမ်းမြောက် ကျေနပ်စွာပြောပါရစေ။ ဒီအသိအမှတ် ပြုခံရခြင်းက သုံးစွဲသူတွေရဲ့ အမြန်နှုန်း စမ်းသပ်မှု အပ်ပလီကေးရှင်း Speedtest ပေါ်အခြေခံပြီး Ookla ရဲ့ တိကျမှန်ကန်စွာ ခွဲခြမ်းစိတ်ဖြာမှုတွေကထွက်ပေါ်လာတဲ့ ၂၀၂၀ ခုနှစ်ရဲ့ Q1 နဲ့ Q2 အတွင်း အကောင်းဆုံး ဝန်ဆောင်မှုနဲ့ စွမ်းဆောင်ရည်ရှိတယ် ဆိုတဲ့သက်သေ အထောက်အထားဖြစ်ပါတယ်”

DOUG SUTTLES (OOKLA ၏ CEO)

“ဒီ မြန်မာ့ အမြန်ဆန်ဆုံး ISP Network ဆုဟာ ကျွန်တော်တို့ 5BB Broadband (Global Technology) ရဲ့ ပိုမိုကျယ်ပြန့်ပြီး မြန်ဆန်တဲ့ အမြန်နှုန်း ကတစ်ဆင့် အနာဂတ်မှာ အမြန်ဆုံး နှုန်းကို ဝန်ဆောင်မှု ပေးနိုင်ဖို့ ရင်းနှီးမြှပ်နှံမယ် ဆိုတဲ့ ရည်ရွယ်ချက်ကို ပိုပြီးအုတ်မြစ်ခိုင်မာစေပါတယ်။ ကျွန်တော်တို့ ကွန်ရက်ဟာ အသုံးပြုသူကွန်ရက်နဲ့ စီးပွားရေး အင်တာနက် အသုံးပြုသူတွေ အတွက်အကောင်းဆုံး သာမက ကျွန်တော်တို့ တစ်နိုင်ငံလုံးရဲ့ အဓိက ဆက်သွယ်ရေး ကွန်ရက်ဖြစ်တဲ့ 4GLTE နှင့်ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်း ကွန်ရက်များအတွက်ပါ နောက်ဘက်မှ မားမားမတ်မတ် ရပ်တည်ကာ အကောင်းမွန်ဆုံးကွန်ရက်တစ်ခုအဖြစ် ပံ့ပိုးပေးနေပါတယ်။ ကျွန်တော်တို့ဟာ အိမ်သုံးအင်တာနက် နဲ့ စီးပွားရေး လုပ်ငန်းသုံး အင်တာနက်နှစ်ခုလုံးအတွက် သီးသန့် ၁၀၀% fiber optics များကို ပေးစွမ်းနိုင်တဲ့ ဈေးကွက်၏ ရှေ့ဆောင် လမ်းပြတွေဖြစ်တယ် လို့ ယုံကြည်ပါတယ်။ အထူးသဖြင့် ဒီကပ်ရောဂါကာလအတွင်း 5BB Network ပေါ်မှ work from home, remote learning အစရှိတဲ့ လုပ်ငန်းများ လုပ်ကိုင်နေကြတဲ့ မြန်မာပြည်သူများအတွက် အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ၊ တစ်ဦးနှင့်တစ်ဦး အစဉ်အမြဲ ချိတ်ဆက်နိုင်မယ့် အကောင်းဆုံးကွန်ယက်အာမခံချက်ကို ဒီအောင်မြင်မှုနဲ့ အတူ ကျွန်တော်တို့ဟာ အကောင်းဆုံး အင်တာနက် အရည်အသွေးနဲ့ အမြန်နှုန်း စွမ်းဆောင်ရည်ကို သက်သေပြခဲ့ပါပြီ။”

ဦးရှိန်းသူအောင် (CHAIRMAN နှင့် CO-FOUNDER)

၂၀၁၇ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သော 5BB Broadband ၏အဓိကနည်းပညာများတွင် ဖိုင်ဘာနှင့် 4G / LTE ပါဝင်သည်။ ဤဝန်ဆောင်မှုလုပ်ငန်းသည် မြန်မာနိုင်ငံတွင် စိတ်ချယုံကြည်ရသော၊ တည်ငြိမ်မြန်ဆန်သော ၀န်ဆောင်မှုအဖြစ် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပြည်နှင့်မော်လမြိုင်မြို့တို့၌ FTTH ( Fiber to the Home) ဖြင့် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုပေါင်း ၁.၂ သန်း၊ လူ ဦး ရေ ၆ သန်း၊ 4G/LTE ကွန်ရက်ဖြင့် မော်လမြိုင်၊ ပဲခူး၊ ပြည်နှင့် ဘားအံနှင့် မကွေးတို့တွင် အိမ်ထောင်စု ၅ သန်း၊ လူဦးရေ ၂၅ သန်းတို့ကို အကောင်းမွန်ဆုံး ဝန်ဆောင်မှု ပေးအပ်နေပါသည်။

“မြန်မာနိုင်ငံ Broadband ဝန်ဆောင်မှုလုပ်ငန်းတွေကို ပထမဦးဆုံးအကြိမ်အဖြစ် end-to-end ကွန်ရက် အရည်အသွေးစမ်းသပ်တာဖြစ်ပြီး အသိအမှတ်ပြုခံရလို့ အရမ်းကျေနပ်အားရမိပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ မတူညီတဲ့ သုံးစွဲသူတွေ အတွက် အကောင်းဆုံး အသုံးပြုမှုအတွေ့အကြုံတွေ ပေးချင်တယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်နဲ့လည်း ကိုက်ညီပါတယ်။ ကျွန်တော်တို့သည် သုံးစွဲသူအတွေ့အကြုံများကို အခြေခံ၍ မတူကွဲပြားတဲ့ အရည်အသွေးမှီ ဝန်ဆောင်မှုများအား မြှင့်တင်ဆောင်ရွက်လျက်ရှိတဲ့နေရာမှာ ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်သလို၊ မြန်မာနိုင်ငံ၏အင်တာနက် Eco စနစ်အတွက် စျေးကွက်တွင်ရှိနေသော နှုန်းထားထက် အဆ ၃၀ စျေးနှုန်းလျှော့ချပြီး အများသုံးစွဲတတ်နိုင်မယ့် စျေးနှုန်းများအား ဖော်ဆောင်ပေးခဲ့တဲ့ ပါတယ်။ ကျွန်တော်တို့ဟာ ကွန်ရက်တွေ ဆက်လက် တည်ဆောက်ဖို့နဲ့ တိုးချဲ့ဖို့ကို စိတ်ပိုင်းဖြတ်ထားတဲ့အတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံ အုတ်မြစ်ခိုင်မာတဲ့ နည်းပညာတွေ အပြင် ယုံကြည်စိတ်ချရမှု၊ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်တွေ ထက်သာလွန်တဲ့ အမြန်နှုန်း နဲ့ဝန်ဆောင်မှုတွေကို ပေးသွားဖို့ ရည်ရွယ်ထားပါတယ်။”

ဦးသိန်းသန်းတိုး (CEO နှင့် CO-FOUNDER)

အရင်ကမကြုံတွေ့ဖူးတဲ့ အခြေအနေတွေကြုံလာရချိန်မှာ မြန်မာအိမ်ထောင်စုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေဟာ သူတို့ရဲ့အင်တာနက်ကွန်ရက်တွေပေါ်မှာ အလွန်မှီခိုနေရပါတယ်။အဝေးမှ အလုပ်လုပ်ခြင်းနဲ့သင်ယူခြင်း၊မိမိတို့ ချစ်မြတ်နိုးရသူများနှင့်ဆက်သွယ်ခြင်း ဒါမှမဟုတ် အရေးကြီးတဲ့သတင်း အချက်အလက်များကိုရယူခြင်းအထိ မြန်မာပြည်သူတွေအတွက် အရေးကြီးဆုံးဖြစ်တဲ့စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးအရင်းအမြစ်များနဲ့ အဆက်မပြတ် ဆက်သွယ်မှုပေးသော ကုမ္ပဏီအဖြစ်အသိအမှတ်ပြုခံရတာ ကိုကျွန်တော်တို့အနေနဲ့ ဂုဏ်ယူပါတယ်”

ဦးမင်းဆွေလှိုင် (MANAGING DIRECTOR နှင့် CO-FOUNDER)

ခေတ်မီနည်းပညာနှင့် ဆန်းသစ်တီထွင်မှုတွင် Global Technology Group သည် ၂၀၀၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် အင်တာနက် ၀န်ဆောင်မှုများ အတွက် အရှိန်အဟုန်မြင့်စွာစတင်ခဲ့သည်။ ဒီဂျစ်တယ် ဆက်သွယ်မှုကို တိုးမြှင့်ခြင်းအားဖြင့် မြန်မာပြည်သူတို့၏ဘဝ ကိုစဉ်ဆက်မပြတ် ကူညီပေးလျက်ရှိသည်။

Share:

Related Post

Right Data, Right Time & Cost-Effective With AWS For Microfinance
Right Data, Right Time...

ယနေ့ Banking Industry , ...

GlobalNet International IP Peering Capacity is Reached to 200 Gbps
GlobalNet International IP Peering...

GlobalNet ၏ ဆက်သွယ်ရေး၀န်ဆောင်မှုများကို သုံးစွဲသူ ...

GlobalNet’s AWS Managed Service
GlobalNet’s AWS Managed Service

🚀 GlobalNet’s AWS Managed ...