MCHAM CSR Excellence (ACE) Award

GlobalNet မှ ဂုဏ်သိက္ခာကြီးမားတဲ့ အမေရိကန် ကုန်သည်ကြီးများအသင်း က ရွေးချယ်သည့် AMCHAM CSR Excellence (ACE) Award ကို ၆ ကြိမ်မြောက် လက်ခံရရှိခဲ့ပါသည်။

ကျွန်တော်တို့ရဲ့ လူမှုအသိုက်အဝန်းနဲ့ နိုင်ငံတော်အပေါ်ထားရှိတဲ့ ကတိကဝတ်တွေကို ဖော်ပြနေတဲ့ ဒီမှတ်တိုင်အတွက် ကျွန်တော်တို့ အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

ဒီနှစ်မှာ ရရှိတဲ့ဆုကတော့ ပိုပြီး အဓိပ္ပာယ်ပြည့်ဝလှပါတယ်။ အဲ့ဒါကတော့ ” AMCHAM CSR Excellence (ACE) Award ကို Earthquake Disaster Response and Recovery Efforts” နဲ့ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဒီဆုဟာ မကြာသေးခင်က လှုပ်ခတ်ခဲ့တဲ့ Richter Scale 7.7 အဆင့်ရှိ ငလျင်ဘေးကာလအတွင်း ကျွန်တော်တို့အဖွဲ့သားတွေရဲ့ အရေးပါတဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ဂုဏ်ပြုအသိအမှတ်ပြုလိုက်ခြင်းလည်း ဖြစ်ပါတယ်။

အရေးကြီးဆုံးအချိန်တွေမှာတောင် ကျွန်တော်တို့ရဲ့ စနစ်တကျတည်ဆောက်ထားတဲ့ Earthquake-resilient fiber backbone တွေဟာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သလို Cloud Data Infrastructure တွေဟာလည်း လိုင်းလုံးဝကျသွားခြင်းမရှိဘဲ Network ချိတ်ဆက်မှုများလည်း ချက်ချင်း ပြန်လည် ချိတ်ဆက်နိုင်ခဲ့ပါတယ်။

ဒါကြောင့်မို့ အရေးကြီးကဏ္ဍဖြစ်တဲ့ ဘဏ်တွေ၊ ဘဏ္ဍာရေးစနစ်တွေ၊ အစိုးရဝန်ကြီးဌာနများနဲ့ emergency response platforms တွေအပါအဝင် မရှိမဖြစ်လိုအပ်တဲ့ နိုင်ငံတော်အဆင့် အဖွဲ့အစည်းတွေအတွက် ဝန်ဆောင်မှုမပြတ်တောက်စေဘဲ 100% Uptime ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

GlobalNet ၏ ခံယူချက်မှာ “Building resilience is a national responsibility.” ဟူ၍ ဖြစ်ပါတယ်။
ဒီအောင်မြင်မှုကို ရယူပေးခဲ့တဲ့ GlobalNet အဖွဲ့သားအားလုံးကို ဝိုင်းဝန်းဂုဏ်ပြုပေးရန်လိုအပ်သလို ဒီလို ဂုဏ်ယူဖွယ်ရာ ဆုကို ချီးမြှင့်ပေးတဲ့ AMCHAM Myanmar ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။

🤝 Reliable Internet for all of your Business Needs 🤝
🚩 Global Technology Company Limited
☎️ Call Now: + 959 788 5000 72
📧 Email Us: info-marketing@globalnetmm.com
🌐 Read More: www.globalnet.com.mm
🏢 Office: Building 16, MICT Park, Universities Hlaing Campus, Hlaing Tsp, Yangon, Myanmar. 11052.

Share:

Related Post

DIA Promotions 100 Mbps
DIA Promotions 100 Mbps

𝑮𝒍𝒐𝒃𝒂𝒍𝑵𝒆𝒕 DIA Services ရဲ့ ...

Best Solution For Healthcare Sectors with AWS Cloud
Best Solution For Healthcare...

IT Infrastructure များအတွက်အခြေခံကုန်ကျစရိတ်နှင့် ပြုပြင်ထိန်းသိမ်းမှုများအတွက်ကုန်ကျစရိတ်များကို ...

လုပ်ငန်းတစ်ခုမှာ “Domain Mail” က ဘယ်လောက်ထိ အရေးပါသလဲ
လုပ်ငန်းတစ်ခုမှာ “Domain Mail” က...

ယနေ့ခေတ်မှာ မိမိရဲ့ လုပ်ငန်းတစ်ခုအတွက် ကိုယ်ပိုင် ...