5BB Broadband မန္တလေးရုံးခွဲမှ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ခြင်း

5BB Broadband မန္တလေးရုံးခွဲမှ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ခြင်း

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ဝါဆိုလပြည့်ကျော် (၂) ရက် (၂၂-၇-၂၀၂၄) တနင်္လာနေ့တွင် မန္တလေးမြို့ (၇၉) လမ်းရုံး၌ 5BB Broadband ၏ မန္တလေးရုံးဝန်ထမ်းများမှ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ခဲ့ပါသည်။

သာသနသုခီ ဝါဆိုကျောင်းတိုက် ပဓာန မဟာနာယကဆရာတော် အရှင်သူမြတ်မှ အန္တရာယ်ကင်း ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခဲ့ပါသည်။

အလှူဖြစ်မြောက်ရန် ဦးဆောင်စီစဉ်ပေးပါသော 5BB မှ လူကြီးမင်းများနှင့် ဝိုင်းဝန်းပံ့ပိုးပေးကြသော မန္တလေးရုံးမှဝန်ထမ်းများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။

ထို့အပြင် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ခြင်းသည် 5BB Broadband ကို ယုံကြည်စွာ ချိတ်ဆက်အသုံးပြုကြသည့် Customer တစ်ဦးတစ်ယောက်တိုင်း၏ အလှူဒါနပင်ဖြစ်ကြောင်း အလေးထားပြောကြားလိုပါသည်။

ယခုလို ကပ်လှူပူဇော်ရတဲ့ ကုသိုလ်အကျိုး​ကြောင့် အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

Share:

Related Post

5 Reasons to Connect with GlobalNet
5 Reasons to Connect...

5 Reasons to Connect ...

Global Technology Company Job Fair 2024
Global Technology Company Job...

𝐆𝐥𝐨𝐛𝐚𝐥 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 𝐂𝐨𝐦𝐩𝐚𝐧𝐲 ရဲ့ ...

Google Workspace Business Email
Google Workspace Business Email

? ယနေ့ခေတ်လူသုံးများကြတဲ့ Gmail Free ...